Episode 24

2.4K 432 36
                                    

(Unicode)

(24)

ပိတ်ပိန်းအောင် မှောင်နေတဲ့ အခန်းထဲ နာရီသံ တချောက်ချောက် ။

အရင်အတိုင်းပဲ ။ သူ့အခန်းက အမြဲ မပြောင်းမလဲ ဒီအတိုင်း ထောင်ကြီး တစ်ခုလိုပဲ ။

ဖုန်စဖုန်နလေးတောင် မရှိလို့ ဒီနှစ်တွေအတွင်း သူ့အခန်းကို ပုံမှန် သန့်ရှင်းရေး လုပ်ပေးထားပုံ ။ ဒါတွေကလည်း အရေးမကြီးတော့ပါဘူး ။

ဘတ်ဟျွန်းက အခန်းထဲမှာ တစ်ယောက်တည်း ငြိမ်ကုတ်ပြီး ထိုင်နေဖြစ်တယ် ။ သူ့ကို တစ်လကနေ သုံးလအထိ အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားခဲ့ပေမဲ့ သူကတော့ စိတ်ကုန်လို့ အခန်းပြင်တောင် မထွက် ။ ဖုန်းကိုသိမ်းထားတဲ့အပြင် ထွက်ပြေးလို့မရအောင် ခြံရှေ့မှာပါ အစောင့်တွေချထားတယ် ။ တကယ့်ကို ထောင်စစ်စစ်ပါပဲ ။

အခန်းထဲမှာ နေနေတာ တစ်လနီးပါး ပြည့်တော့မယ် ။ ဘတ်ဟျွန်းက ချန်ယောလ်နဲ့ လုံးဝ အဆက်အသွယ်မရ ။ အိမ်စေအဒေါ်ကြီးရဲ့ပြောပြချက်အရ သူတို့ရောက်ရောက်ချင်းနေ့က ချန်ယောလ်လည်း ဒီကို ရောက်လာခဲ့တယ်ဆိုတဲ့ သတင်းကလွဲ ဘာဆို ဘာမှ မကြားရ ။

ကြာလာတော့ ဘတ်ဟျွန်း စိတ်ဓာတ်ကျလာတယ် ။ ငူငူငိုင်ငိုင်နဲ့ အခန်းထဲမှာပဲ ငြိမ်ကုတ်ပြီး ထိုင်နေဖြစ်တော့တယ် ။

ချန်ယောလ်ကို သူတအားတွေ့ချင်နေတယ် ။ လွမ်းနာကျတယ်ဆိုတာ ဒါမျိုးပဲ နေလိမ့်မယ် ။

နေ့တိုင်း ချန်ယောလ်နဲ့ အတူရှိခဲ့ရာကနေ ရုတ်တရက်ကြီး သူ့ဘဝထဲက ချန်ယောလ် ပျောက်ကွယ်သွားတဲ့အခါ ဘတ်ဟျွန်းက မနေနိုင်အောင် လွမ်းဆွေးနေရတယ် ။ အဲ့ဒါထက် ချန်ယောလ်နဲ့ သူ ဘယ်တော့မှ ပြန်မတွေ့နိုင်လောက်တော့ဘူးဆိုတဲ့ အသိက သူ့စိတ်ကို တတိတိ တိုက်စားတယ် ။

ဘတ်ဟျွန်း တကယ်ကို ခြေကုန်လက်ပမ်းကျနေပြီ ။ ဘယ်လောက်ပဲ ထွက်ပြေးခဲ့ပေမဲ့ အဆုံးသတ်မှာ ဒီလှောင်ချိုင့်ထဲပဲ ပြန်ရောက်လာတဲ့အခါ ဘတ်ဟျွန်းက သူ့ဘဝသူ လှောင်ရယ်ပစ်ချင်လာတယ် ။

တကယ်တော့ ဘတ်ဟျွန်းက လွတ်လပ်ချင်ရုံလေး ။ ချန်ယောလ်ဆိုတဲ့လူသားနဲ့ တစ်သက်တာကို အေးချမ်းစွာ အတူဖြတ်သန်းချင်ရုံလေး ။

F r e e d o mWhere stories live. Discover now