Episode 16

3.5K 548 43
                                    

(Unicode)

(16)

"ဦးလေးကြီး..."

"ကိုကြီးလို့ခေါ်..."

သူ့ဘောင်းဘီစကို လာဆွဲပြီး ခေါ်တဲ့ ကလေးမကို မကျေမနပ်နဲ့ စကားထောက်ပေးလိုက်တယ် ။ ဘယ့်နှယ့် ဒီရုပ်ဒီရည်ကို ဦးလေးကြီး ခေါ်စရာလား ။

သူနဲ့ သိတာ မကြာသေးပေမဲ့ ရဲတင်းလှတဲ့ ကလေးမလေးက လူလည်းမကြောက်တတ်ဘူး ။ အလွန်ဆုံးရှိ ၆နှစ် ၇နှစ်ပဲ ရှိဦးမဲ့ ကလေးမလေးက သူစကားထောက်ပေးလိုက်တာကို မကြားချင်ယောင်ဆောင်ပြီး ပြောချင်တာကို ဆက်ပြောတယ် ။

"ဦးလေးကြီးက အသက်ဘယ်လောက်ရှိပြီလဲ..."

နေထိုင်လာခဲ့တဲ့ အနှစ်၃၀ကျော် ကာလအတွင်း အသက်အရွယ်ရလာတာနဲ့အမျှ အမေးခံရမှာ အမုန်းဆုံး မေးခွန်းတွေထဲမှာ ဒီမေးခွန်းက နံပါတ်တစ်ချိတ်တယ် ။ မပြောနိုင်မဆိုနိုင် အောင့်သက်သက်ခံစားချက်ကြီးနဲ့ ကလေးမလေးကို ငုံ့ကြည့်လိုက်တယ် ။ သူ့မျက်လုံးတွေက တည်ကြည်ပြီး အေးစက်နေပေမဲ့ ကလေးမလေးက အကြောက်အလန့်မရှိဘဲ သူ့မေးခွန်းအတွက် အဖြေကိုပဲ လိုချင်နေတယ် ။

"၃... ၃၅.."

မချိမဆန့်ပြုံးပြီး အဖြေပေးလိုက်တော့ ကလေးမလေးက သူ့ရဲ့ လက်ချောင်းတွေကို တစ်ချောင်းချင်းစီ ချိုးရင်း ရေတွက်နေတယ် ။

"ဘာဖြစ်လို့လဲ..."

ညနေစောင်း လေ့ကျင့်ခန်းအနေနဲ့ ကမ်းနားတစ်လျှောက်ပတ်ပြေးတာမို့ လက်ထဲ ပါလာတဲ့ ပဝါစကို ပခုံးပေါ် ပစ်တင်လိုက်ရင်း ကလေးမလေးရှေ့ ဒူးတစ်ချောင်း ထောက်ပြီး ထိုင်လိုက်တယ် ။ ကလေးမလေးက မျက်မှောင်ကြီးကျုံ့လို့ လက်ချောင်းတွေနဲ့ ရေတွက်နေတာ မလုံလောက်ပဲ ခြေထောက်တွေနဲ့ပါ ရေနေတယ် ။

"၃၅ဆို ဦးလေးကြီးနဲ့ သမီးနဲ့က ဘယ်နှနှစ်ကွာတာလဲ..."

"ကလေးက အသက်ဘယ်လောက်မို့လို့လဲ..."

"၆နှစ်..."

"အဲ့ဒါဆို ၂၉နှစ်ကွာတာပေါ့..."

"၂၉လား..."

"အင်း..."

"ဦးလေးကြီးမှာ မိန်းမမရှိဘူးလား.."

F r e e d o mWhere stories live. Discover now