(Unicode)
Extra(2)
သာယာတဲ့ မနက်ခင်းတစ်ခုမှာ ချန်ယောလ်က စောစောထလို့ နံနက်စာပြင်နေတယ် ။ ခက်ခက်ခဲခဲ ရလာတဲ့ အလုပ်မှာ နေသားမကျသေးတာမို့ တော်တော်တော့ ကြိုးစားနေထိုင်နေရတယ် ။ ချန်ယောလ်ရော ဘတ်ဟျွန်းရော နေရာအတည်တကျမရှိတဲ့ ဘဝမှာ အေးဆေးသက်သာစွာနဲ့ ပျော်မွေ့လို့နေပါတယ် ။
ဒယ်အိုးထဲကို ဆီအနည်းငယ်ထည့်ပြီး တည်ထားတုန်း နွားနို့ကို ခွက်ထဲ အဆင်သင့်ထည့်ထားလိုက်တယ် ။ ဆီဆူတာနဲ့ ချက်ချင်းပဲ ကြက်ဥတစ်လုံး ဖောက်ထည့်ပြီး ကျွမ်းကျင်စွာနဲ့ ကြော်တော့တယ် ။ ချန်ယောလ် ကျွမ်းကျင်တဲ့ဟင်းလျာဆိုတာ ကြက်ဥကြော်ရယ်ပါ ။
ကျက်သွားတဲ့ကြက်ဥကို ပန်ကန်းထဲ လှလှပပထည့်ပြီ ဘေးမှာ ကင်ထားတဲ့ ပေါင်မုန့်နှစ်ချပ်ကို ချထားလိုက်တယ် ။ ပြီးပြည့်စုံတဲ့ နံနက်စာကို အေးဆေးစွာနဲ့ပဲ ချန်ယောလ် လုပ်လို့ပြီးသွားတယ် ။
ဘတ်ဟျွန်းက နိုးမလာသေးတာကြောင့် ချန်ယောလ် အိပ်ခန်းထဲကို တစ်ခေါက်ပြန်ဝင်ပြီး နှိုးဖို့ ကြံရတော့တယ် ။
အခန်းထဲ ဝင်လိုက်တာနဲ့ ခုတင်ပေါ်က စောင်ပုံကြီးထဲ မြုပ်နေတဲ့ ကောင်လေး အနားကို လျှောက်သွားလိုက်တယ် ။
နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ ကောင်လေးက မနေ့ကညနက်တဲ့ထိ အလုပ်လုပ်နေခဲ့ရတာမို့ ပင်ပန်းနေမှာ ။ ချန်ယောလ် အိပ်ပျော်နေတဲ့သူကို မနှိုးရက်တော့ဘဲ မျက်နှာလေးကိုပဲ တစိမ့်စိမ့်ငေးကြည့်နေမိတော့တယ် ။
"အိပ်ပုတ်လေး...ထတော့ နေဖင်ထိုးနေပြီ..."
ခဏကြာမှ အလုပ်သွားစရာ ရှိတဲ့ ဘတ်ဟျွန်းကို ချန်ယောလ် နှိုးလိုက်ရတော့တယ် ။ အိပ်ရာပေါ်မှာ ဘေးတစောင်းဝင်ထိုင်ရင်း ဘတ်ဟျွန်း နားနားကပ်ရင်း ပြောလိုက်တော့ ဘတ်ဟျွန်းက လူးလှိမ့်ရင်း တစ်ဖက်ကို လှည့်သွားတယ် ။
"ဘတ်ဟျွန်း...ကိုယ်သွားတော့မှာနော်.."
မနိုးလာသေးတဲ့ ဘတ်ဟျွန်းနားနားကပ်ပြီး ချန်ယောလ် ခပ်တိုးတိုးပြောလိုက်တယ် ။ ဘတ်ဟျွန်းက မျက်လုံးတစ်ဖက်ကို အတင်းဖွင့်ရင်း ချန်ယောလ်ကို ကြည့်လာတယ် ။ မျက်လုံးမပွင့်တပွင့်နဲ့ သူ့ကိုလှမ်းကြည့်နေတဲ့ ဘတ်ဟျွန်း ဆံပင်တွေကို သပ်တင်လို့ နဖူးကို ပြွတ်ခနဲ တစ်ချက်နမ်းလိုက်တယ် ။