Episode 06

3K 510 12
                                    

(Unicode)

(6)

ချန်ယောလ်ဘဝမှာ လုပ်ချင်တယ်လို့ သတ်မှတ်ထားပြီး ခုထိ မလုပ်နိုင်သေးတဲ့အရာတွေ အများကြီး ရှိတယ် ။

လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်စိတ်တိုင်းကျ ဖြစ်ချင်ရာဖြစ် လွှတ်ထားလို့ရတဲ့ ဘဝတစ်ခုမှာ နေချင်တာကလည်း ချန်ယောလ်ရဲ့ အိပ်မက်တစ်ခုပဲ ။ ကိုယ်ဖြစ်ချင်တဲ့သူ ဖြစ်ခွင့်ရတဲ့ ဘဝမျိုးပေါ့ ။

အဲ့လိုဘဝမျိုး ပိုင်ဆိုင်နိုင်ဖို့ ဘာတွေလိုအပ်လဲ ချန်ယောလ်သိတယ် ။ အရာအားလုံးကို လွှတ်ချနိုင်ဖို့ သတ္တိနဲ့ ကိုယ်လုပ်ချင်တာလုပ်နိုင်ဖို့အတွက် လုံလောက်တဲ့ ငွေကြေးပေါ့ ။ ချန်ယောလ် ဒီအကြောင်းကို ပြောတော့ ဘတ်ဟျွန်းက ငြင်းတယ် ။

"ခင်ဗျား ငွေတွေချည်းပဲ စွတ်ရှာပြီး မသုံးလိုက်ရဘဲ သေသွားရင် ဘယ်လိုလုပ်မလဲ ..."

ဘတ်ဟျွန်းက မလိုအပ်ဘဲ နားထောင်ရဆိုးတဲ့ စကားတွေ တအားပြောလွန်းတယ်လို့ ချန်ယောလ် ထင်တယ် ။ သူပြောသမျှက မှန်နေတော့လည်း ချန်ယောလ်က အောင့်သက်သက်နဲ့ လက်ခံလိုက်ရတဲ့ ခပ်ခါးခါး အမှန်တရားတွေပေါ့ ။

"ခင်ဗျားနေချင်သလိုလည်း မနေလိုက်ရ ၊ ပျော်လည်းမပျော်ရ ၊ လိုရာလည်းမရောက်...အဲ့လိုကြီးဆို ခင်ဗျားဘဝကြီးက တအားနှမြောစရာကောင်းနေမှာ..."

စီးကရက်ပြာတွေကို ပြာခွက်ထဲ တောက်ချရင်း ဘတ်ဟျွန်းက ဆိုတယ် ။ သူတို့နှစ်ယောက် အခု ကိုယ့်ဝရံတာမှာ ကိုယ်ထွက်ထိုင်နေကြရင်း စီးကရက်တစ်လိပ်စီနဲ့ လောကကြီးအကြောင်း ဆွေးနွေးနေကြတာဖြစ်တယ်  ။

"ခင်ဗျား ရာထူးတိုးပါပြီတဲ့...အဲ့ဒါပြီးတော့ရော...ခင်ဗျား ဒီ့ထက်မြင့်တဲ့ ရာထူးကို လိုချင်လာမှာပဲ...ထပ်မြင့်တဲ့ရာထူးကို ရပြီးသွားရင်ရော....အဲ့ဒါပြီး ဘာဆက်ဖြစ်မှာလဲ...အဲ့လိုနဲ့ သံသရာလည်နေတာ...လိုရာကိုမရောက်နိုင်ဘူး...."

"ဒါပေမဲ့ ငါတို့ဘဝမှာ ရည်မှန်းချက်ဆိုတာတော့ ရှိရမှာပဲ...လူတိုင်းက ဒီလိုပဲ နေနေကြရတာ..."

ချန်ယောလ်က မကျေမနပ် ပြောလိုက်မိတဲ့အခါ ဘတ်ဟျွန်းက ချန်ယောလ်ကို လှည့်ကြည့်လာရင်း ပြုံးတယ် ။

F r e e d o mWhere stories live. Discover now