(Unicode)
(7)
"ဆယ်မီ အိပ်သွားပြီလား..."
"အင်း...."
ချန်ယောလ် ဝရံတာဆီ ထွက်လာတဲ့အခါ ဘတ်ဟျွန်းက သူ့ဝရံတာမှာ တယောတစ်လုံးနဲ့ ထွက်ထိုင်နေတာကို မြင်လိုက်ရတယ် ။
"ခင်ဗျားမှာ ညီမရှိမှန်း မသိခဲ့ဘူး ...အသက်တော်တော်ကွာတာပဲ...."
ချန်ယောလ်ကို ဘတ်ဟျွန်းက ပြောရင်းနဲ့ ကော်ဖီတစ်ခွက် ကမ်းပေးလာတယ် ။
"ဒါဘာလဲ..."
"ကျွန်တော်ထပ်စမ်းထားတာ...ဒီတစ်ခါ ခင်ဗျားကြိုက်မယ်လို့ ကျွန်တော် အာမခံတယ်..."
"အပြောကတော့ ကြီးလိုက်တာ..."
ချန်ယောလ် ကော်ဖီခွက်ကို လှမ်းယူလိုက်ရင်း မြည်းကြည့်လိုက်တယ် ။ ဘတ်ဟျွန်းက တစ်ဖက်ဝရံတာကနေ သူ့ကို မေးထောက်ရင်း ခပ်ပြုံးပြုံး ကြည့်နေတယ် ။
ချန်ယောလ် ပါးစပ်ထဲ တစ်ခါမှ မသောက်ဖူးခဲ့တဲ့ ကော်ဖီအရသာကို ခံစားလိုက်ရတယ် ။ အခါးဓာတ်အနည်းငယ်ကဲဲပြီး ပါးစပ်ထဲ နူးနူးညံ့ညံ့လေး စိမ့်ဝင်သွားတဲ့ ကော်ဖီအရသာကြောင့် ချန်ယောလ် ပြုံးလိုက်မိတယ် ။
"ဘယ်လိုလဲ...ကောင်းတယ်မလား..."
"အင်း ကောင်းတယ်...တကယ်..."
"တကယ်လား...."
ချန်ယောလ် ဖြေလိုက်တော့ ဘတ်ဟျွန်းက အလန့်တကြားမေးတယ် ။ သူကပဲ ယုံကြည်မှုအပြည့်နဲ့ ချန်ယောလ်ကို လာတိုက်ပြီး ချန်ယောလ်က ကောင်းတယ်ပြောတော့ မယုံနိုင်ဘဲ အထူးအဆန်းအံ့သြနေတာကလည်း ဘတ်ဟျွန်းပဲ ။
"တကယ်...ကောင်းတယ်...ငါ့ဘဝမှာ သောက်ဖူးသမျှထဲ အကောင်းဆုံးပဲ..."
ချန်ယောလ် အပြုံးနဲ့ပြောလိုက်တော့ ဘတ်ဟျွန်းက မယုံနိုင်စရာကောင်းတဲ့ မျက်နှာနဲ့
ပါးစပ်အဟောင်းသားကြည့်နေတယ် ။"ဘယ်လိုဖြစ်လို့ ဒိီလိုချီးကျူးနေတာလဲ...ခင်ဗျားနဲ့ မတူအောင်..."
"ငါကအမြဲ ရိုးရိုးသားသားအမှန်ပြောတာ..."
"မယုံနိုင်စရာပဲ...."
ဘတ်ဟျွန်းက ခေါင်းတခါခါနဲ့ ချန်ယောလ်ကို အထူးအဆန်းလို ကြည့်တော့ ချန်ယောလ် ရယ်လိုက်မိတယ် ။ ကော်ဖီခွက်လေးက ချန်ယောလ်ရဲ့ လက်ထဲမှာ ငြိမ်ငြိမ်လေး ။ ချန်ယောလ် ကော်ဖီခွက်ကို အနည်းငယ် ဖိကိုင်လိုက်မိတယ် ။