Episode 15

3.5K 503 27
                                    

(Unicode)

(15)

"မင်းအဖေဆီကို ပြန်သွားတာ မကောင်းဘူးလား..."

အကြံပေးလာတဲ့ချန်ယောလ်ကို ဘတ်ဟျွန်းက နှုတ်ခမ်းတင်းတင်းစေ့ပိတ်လို့ ဒေါသထွက်နေတဲ့ အရိပ်အယောင်နဲ့ ကြည့်တယ် ။

ဘတ်ဟျွန်းဘဝမှာ မျှော်လင့်ချက်တွေကို အဆုံးစွန်ထိ ရိုက်ချိုးခံခဲ့ရတဲ့ အချိန်ရှိတယ် ။ အဲ့တာက တက္ကသိုလ်တက်တုန်းက ထယ်ဝန်နဲ့ သူ ပြဿနာတက်ပြီး စကားများခဲ့တဲ့ အချိန်ပဲ ။

အထက်တန်းထဲက လွတ်မြောက်ချင်စိတ်ရှိခဲ့ပေမဲ့ ဘတ်ဟျွန်းက တကယ် ထွက်မပြေးခဲ့ပါဘူး ။ နေသားကျနေတဲ့ ဘဝကြီးထဲကနေ
ရုတ်တရက်ကြီး ထွက်ခွာသွားဖို့ထိတော့ ဘတ်ဟျွန်းက သတ္တိမရှိခဲ့ဘူး ။

အဖေ့ရဲ့ စကားအတိုင်း တသွေမတိမ်းလိုက်နာနေရင်း ဘတ်ဟျွန်းက တက္ကသိုလ်ဆက်တက်ခဲ့တယ် ။ တစ်ခါတလေတော့ ဘတ်ဟျွန်းက လုပ်ချင်တာကို လုပ်ပစ်လေ့ရှိတယ် ။ အဲ့အတွက် ပြန်ပြီး ပေးဆပ်လိုက်ရတာက တစ်လအိမ်ပြင်ထွက်ခွင့်ပါပဲ ။

ဘတ်ဟျွန်းကို အိမ်က ထွက်ပြေးတဲ့အထိ ဖြစ်အောင် တိုက်တွန်းခဲ့တဲ့အရာက ဘတ်ဟျွန်းတို့လမ်းထိပ်က ကော်ဖီဆိုင်ကလေး ။ ကော်ဖီဆိုင်လေးက အမြဲသပ်ရပ်နေပြီးတော့ ညနေပိုင်း လူများတဲ့အချိန်ကျရင် အဲ့မှာ ဂစ်တာလေးတီးပြီး သီချင်းဆိုတဲ့ ကောင်လေးတစ်ယောက်လည်း ရှိတယ် ။

ဘတ်ဟျွန်းက ငယ်ငယ်တည်းက ပုစ္ဆာတွေထိုင်တွက်ရတာထက် သီချင်းဆ်ိုတာ၊ကတာကိုပဲ ပိုပြီး စိတ်ဝင်စားခဲ့တာ ။ ဒါကြောင့် သူကြိုက်တဲ့ ကော်ဖီဆိုင်လေးမှာ ဒီကောင်လေးလိုမျိုး အမြဲသီချင်းဆိုနေရရင် ဘယ်လောက်များ ကောင်းလိမ့်မလဲလို့ ဘတ်ဟျွန်း တွေးခဲ့တယ် ။

အားကျတဲ့စိတ်နဲ့ ဘတ်ဟျွန်းက ကော်ဖီဆိုင်ကို နေ့တိုင်းသွားပြီး ကော်ဖီဖျော်တာကို သင်ယူခဲ့သလို ဂစ်တာတီးပြီး သီချင်းဆိုတဲ့ အစ်ကိုဆီက ဂစ်တာတီးနည်းကိုပါ သင်ယူခဲ့တယ် ။ အဖေမသိအောင် ကော်ဖီဆိုင်မှာ အချိန်ပိုင်းအနေနဲ့ ဝင်လုပ်ရင်း ဘတ်ဟျွန်းက ဘဝမှာ ပျော်ရွှင်မှုကို ပထမဆုံး အကြိမ်အဖြစ် ရှာတွေ့ခဲ့တယ် ။ ဘတ်ဟျွန်းရဲ့ ပျော်ရွှင်မှုဆိုတာ ကြီးကျယ်ခမ်းနားတဲ့ အရာလည်းမဟုတ်ခဲ့ဘူး ။ ကော်ဖီနံ့လေး သင်းပျံ့နေတဲ့ ကော်ဖီဆိုင်လေးနဲ့ ဂစ်တာလေး တစ်လုံးရယ်ပါ ။

F r e e d o mWhere stories live. Discover now