Episode 10

2.5K 480 14
                                    

(Unicode)

(10)

လူတစ်ယောက်ကို ချစ်ပါတယ်ဆိုပြီး ရင်ထဲ လိပ်ပြာတွေလူး ပန်းတွေပွင့်နေတဲ့ အသက်အရွယ်ကို ကျော်လွန်လာခဲ့တဲ့အခါ ချန်ယောလ်ဟာလည်း ပုံမှန်အတိုင်း အမှန်တရားကို အေးဆေးသက်သာစွာပဲ လက်ခံလိုက်တယ် ။

ဘတ်ဟျွန်းဆိုတဲ့ ကောင်လေးကို သူအမြဲ ကြည့်နေချင်တယ် ။ ဒီကောင်လေးအနားမှာ အမြဲနေချင်တယ် ။ ဒီကောင်လေးရဲ့ အပြုံးတွေနဲ့ နေ့တစ်နေ့ကို စတင်လို့ ဒီကောင်လေးရဲ့ အပြုံးနဲ့ပဲ သူ့ရဲ့နေ့ရက်တွေကို အဆုံးသတ်ချင်တယ် ။ မမြင်ရရင် မြင်ချင်ပြီး အသံမကြားရရင် ခဏလေးပဲ ဖြစ်ဖြစ်ကြားချင်တယ် ။

ဒါပေမဲ့ ဒါတွေကို ချန်ယောလ်က သိပ်ပြီး အလေးမပေးဘူး ။ မသေချာမရေရာတဲ့ ခံစားချက်တွေကို ဘယ်သူတွေကများ
လက်ဆုပ်လက်ကိုင်ပြနိုင်ကြလို့လဲ ။ တစ်ခါမှ မချစ်ဖူးခဲ့တဲ့ ချန်ယောလ်က အခုကျတော့လည်း ချစ်ဖို့ကို တွေဝေနေတယ် ။

နောက်ဆုံးအနေနဲ့က ဘတ်ဟျွန်းကြောင့်ပဲ ။ ဘတ်ဟျွန်းလို လာချင်တဲ့အချိန်လာပြီး ထွက်သွားချင်တဲ့အချိန် ထွက်သွားနိုင်တဲ့ လူတစ်ယောက်ကို သူ မငြိတွယ်သွားချင်ဘူး ။ စစ်မရောက်ခင် မြားကုန်တယ်ပဲ ပြောပြော မချစ်ရသေးပေမဲ့ ချစ်ဖို့ကို ကြောက်နေတယ် ။

လူတိုင်းက နာကျင်မှာကို ကြောက်ရွံ့ကြတာမို့ ချန်ယောလ်ကလည်း ခြွင်းချက်တော့မဟုတ်ခဲ့ဘူး ။ ဒီအသက်အရွယ်ရောက်မှ အချစ် အချစ်နဲ့ လူမြင်မကောင်းအောင် ခံစားမနေချင်တာလည်း ပါတယ် ။ ဒါကြောင့် ချန်ယောလ်က သူ့ရဲ့ ဘတ်ဟျွန်းအပေါ်ခံစားချက်တွေကို လက်ခံပေမဲ့ ခဏတော့ လျစ်လျူရှုထားတယ် ။ ပိုပိုပြီး ဒီလူသားအပေါ် မတွယ်ငြိသွားဖို့လည်း သူကြိုးစားရဦးမယ် ။

ဘတ်ဟျွန်းကို ချစ်မိရင် နာကျင်ရမယ်ဆိုတာ ကြိုမြင်နေတယ် ။ ဘတ်ဟျွန်းက လျှို့ဝှက်လွန်းတဲ့သူ ၊ လွတ်လပ်လွန်းတဲ့သူ ၊ လုပ်ချင်ရာလုပ်တတ်တဲ့သူ ၊ ပဟေဠိဆန်လွန်းတဲ့သူ ။ သေချာစဥ်းစားကြည့်ရင် သူ ဘတ်ဟျွန်းအကြောင်း ဘာမှသေသေချာချာမသိဘူး ။

"စီနီယာ...ဒါပြီးသွားပြီ..."

ဂျုံအင်အသံကြောင့် ချန်ယောလ် သူ့ရဲ့ ဇဝေဇဝါ အတွေးတွေထဲကနေ ရုန်းထွက်လိုက်တယ် ။ အခုပဲ ကြည့်ပါလား ။ ဘတ်ဟျွန်းကို ချစ်တဲ့အကြောင်းကို လျစ်လျူရှုထားဖို့ ဆုံးဖြတ်ထားတဲ့သူက အခုပဲ ဘတ်ဟျွန်းအကြောင်း တွေးမိပြန်ပြီ ။ ရုန်းလေ နစ်လေ ဆိုတာ ဒါမျိုးလားလေ ။

F r e e d o mWhere stories live. Discover now