Episode 09

2.4K 494 10
                                    

(Unicode)

(9)

"ခင်ဗျား...အဲ့လို မပြောခဲ့သင့်ဘူး..."

ဘတ်ဟျွန်းက ပင်လယ်ပြင်ကို ငေးနေရင်း ပြောလာတယ် ။ ချန်ယောလ်က အလုပ်မှာ​ဖြစ်လာသမျှကို ကလေးတစ်ယောက်လို ဘတ်ဟျွန်းကို ပြန်တိုင်နေတာဖြစ်တယ် ။

ဘေးချင်းကပ်ထိုင်နေတဲ့ ဘတ်ဟျွန်းကို ချန်ယောလ် မယုံနိုင်ဘဲ လှည့်ကြည့်လိုက်မိတော့ ဘတ်ဟျွန်းက ညစ်ကျယ်ကျယ်ပြုံးတယ် ။

"တစ်ခါတည်း ပိတ်ထိုးလာခဲ့ရမှာ..."

ဘတ်ဟျွန်းက ​လူယုတ်မာအပြုံးနဲ့ ပြောလာတာကြောင့် ချန်ယောလ်ရယ်လိုက်မိတယ် ။ ပင်လယ်ကလာတဲ့ ပေါ့ပါးလတ်ဆတ်တဲ့ လေ​နဲ့အတူ သူ့စိတ်တွေလည်း ပေါ့ပါးသွားတယ် ။

"ရော့..."

"ဘာလဲ..."

ဘတ်ဟျွန်းက လက်သီးဆုပ်လေးကို ချန်ယောလ်ဆီ ထိုးပေးလာတာမို့ ချန်ယောလ် လက်ဖြန့်ပေးလိုက်တယ် ။ ချန်ယောလ်ရဲ့ လက်ဖဝါးပေါ် ပြုတ်ကျလာတာက ခရုခွံ လှလှလေး ။

"လက်ဆောင်..."

"..."

"ခရုခွံလှလှလေးတွေ့ရင် ကံကောင်းတတ်တယ်တဲ့..."

"တစ်ခါမှမကြားဖူးဘူး...ဘယ်သူပြောတာလဲ..."

"ကျွန်တော်ပြောတာ..."

"အော် ဟုတ်လား မှတ်ထားလိုက်မယ်နော်..."

ချန်ယောလ် ရွဲ့ပြီး ခပ်နောက်နောက် ပြောလိုက်ပေမဲ့ ခရုခွံလေးကို သူ့အင်္ကျီအိတ်ကပ်ထဲ ထည့်ထားလိုက်တယ် ။ အိမ်ပြန်ရောက်ရင် သူသေတ္တာတစ်ခုထဲ ထည့်သိမ်းထားဖြစ်လိမ့်မယ် ။

ဘတ်ဟျွန်းက ပင်လယ်ကိုကြည့်ရင်း မျက်ဝန်းတွေက ပြုံးရိပ်သန်းနေတယ် ။ ချန်ယောလ်ကတော့ ဘတ်ဟျွန်းကို ကြည့်ရင်း ပြုံးယောင်သန်းတယ် ။

အဲ့ဒီ့နေ့က သူတို့ အပြန် ဘတ်စ်ကား မမီလို့ အငှားကားကို ဖုန်းဆက်ခေါ်ခဲ့ရတယ် ။

•°•°•

ချန်ယောလ်က ဘယ်လောက်ပဲ မတရားခံနေရပါစေ ။ နောက်ဆုံးတော့လည်း ဆယ်ဟွန်းပြောခဲ့သလိုပဲ အလုပ်ကို ပြန်သွားပြီး စာရင်းတွေ ထိုင်တွက်နေတာပါပဲ ။

F r e e d o mWhere stories live. Discover now