(Unicode)
(5)
ချန်ယောလ် ရုံးက ပြန်လာတာ နောက်ကျတဲ့ရက်တစ်ရက်မှာ ဖြစ်တယ် ။ ခါတိုင်းနေ့တွေလည်း နောက်ကျပေမဲ့ ဒီနေ့က အလုပ်မှာ ပြဿနာနည်းနည်းရှိသွားတာကြောင့် ပုံမှန်ထက်ပိုပြီးနောက်ကျတယ် ။
ချန်ယောလ် အိမ်ပြန်လာတဲ့ လမ်းတစ်လျှောက်မှာတောင် လူတွေရှင်းနေကြပြီ ။ ကော်ဖီဆိုင်က တနင်္လာနေ့တွေဆို ထူးထူးဆန်းဆန်း ပိတ်လို့ ချန်ယောလ် ကော်ဖီလည်း ဝင်မသောက်နိုင်တော့ဘူး ။ အိမ်ပြန်ပြီး နားဖို့ပဲ စိတ်ထဲ ရှိနေတာကြောင့် ခြေလှမ်းတွေကို ခပ်သွက်သွက်ပဲ လျှောက်လိုက်တယ် ။
သူပြန်တဲ့ လမ်းမှာ မှောင်ရိပ်ထဲ အရင်နေ့တွေက မတွေ့ဖူးတဲ့ အုပ်စုတစ်စုကို တွေ့လိုက်ရတယ် ။ ဒီနေ့က နောက်ကျသွားလ်ို့ပဲလား ။ လူဆိုးလူမိုက်လိုလိုပုံစံတွေနဲ့ လမ်းဘေးမှာ ရှိနေကြတယ် ။ ချန်ယောလ်က ဖြစ်နိုင်ရင် ဘာအရှုပ်အထွေးတွေကိုမှ မပတ်သက်ချင်တာမို့ တမင်တကာကို ခပ်လှမ်းလှမ်းကနေ လျှောက်သွားလိုက်တယ် ။
"မရှိပါဘူးဆို!"
ရင်းနှီးနေတဲ့ အသံတစ်ခုက ခပ်ကျယ်ကျယ်ထွက်လာတော့ ချန်ယောလ် ခြေလှမ်းတွေက တုန့်ခနဲ ရပ်တန့်သွားပြီး လူမိုက်ကောင်လေးတွေကြားထဲ အလိုလို အကြည့်ရောက်မိတယ် ။
"...!"
တစ်သက်မှာ တစ်ခါမှမတဘူးတဲ့ ဘုရားသခင်ကို ချန်ယောလ် ဆယ်ခါပြန်လောက် တလိုက်မိတယ် ။ ကြောက်စရာပုံစံတွေနဲ့ လူတွေကြားထဲ ရှိနေတာက ဘတ်ဟျွန်း ။ ပိုဆိုးတာက မိန်းကလေးလို ဝတ်ထားတာ ။
ချန်ယောလ် အခုတော့ မသိချင်ယောင်မဆောင်နိုင်တော့ဘူး ။
*ဒီကောင်လေးက ဘာလို့ ညဘက်ကြီး မိန်းကလေးလို ဝတ်ပြီး အပြင်ထွက်ရတာလဲ..!!*
ချန်ယောလ် အတွေးနဲ့အတူ ချက်ချင်းပဲ အနားကို တုန့်ဆိုင်းခြင်းမရှိ တိုးသွားလိုက်တယ် ။
"မင်းတို့ဘာလုပ်နေကြတာလဲ ..."
ချန်ယောလ်ရဲ့စကားသံကိုကြားတဲ့အခါ အကုန်လုံးက သူ့ကို လှည့်ကြည့်လာတယ် ။
မိုက်ကန်းကန်း အကြည့်တွေကြောင့် ချန်ယောလ် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းတွေ ထသွားတာကို ခံစားမိလိုက်တယ် ။ သူနိုင်ပါ့မလား ။ ဘတ်ဟျွန်းကို ကယ်ပြီးထွက်ပြေးနိုင်ဖို့ ဘယ်နှယောက်လောက်ကို အလဲထိုးရမှာလဲ ။