Episode 02

4.7K 659 26
                                    

(Unicode)

(2)

 ပထမဆုံးအကြိမ်တွေ့ရင် ဒါဟာ အမှတ်မထင် တွေ့ဆုံမှု ။

ဒုတိယတစ်ကြိမ်ဆိုရင် တိုက်ဆိုင်မှုဖြစ်ပြီး တတိယ အကြိမ်ဆိုရင်တော့ ကံကြမ္မာအရလို့ယုံပြီး ရေစက်လို့ ခေါ်ကြတယ်... ။

 အဖျော်ဆရာပြောင်းသွားလို့ ကော်ဖီအရသာ မတူတော့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ချန်ယောလ်က ​ကော်ဖီဆိုင်ကို ပေတေပြီး မသွားတော့တာ တစ်ပတ်တောင်ကျော်ခဲ့ပြီ ။ ဒါကြောင့် ကလပ်က ကောင်မလေးနဲ့ ကော်ဖီဆိုင်က ကောင်လေးတို့ အကြောင်းကို ချန်ယောလ်တစ်ယောက်မေ့မေ့ပျောက်ပျောက် ဖြစ်လို့နေတယ် ။

 "ဒါတွေ အကုန်စိတ်တိုင်းမကျဘူး ...အကုန်ပြန်ပြင်...."

 သူအခုတင် ကြိုးစားပမ်းစား စီစစ်လာတဲ့ စာရင်းတွေကို မျက်စိတစ်ချက်ပဲ ဝေ့ကြည့်ပြီး စားပွဲပေါ် ပစ်တင်လိုက်တဲ့ ဌာနမှူးကို ချန်ယောလ် စိတ်ထဲကနေ ကျိန်ဆဲလိုက်တယ် ။ ဒါသက်သက်မဲ့ သူ့ကို အနိုင်ကျင့်နေတာ အသိသာချည်း ။

 "သေချာပြန်ကြည့်ကြည့်ပါဦး....တစ်ချက်လေးကြည့်ရုံနဲ့ ဘယ်လိုလုပ်သိမှာလဲ...."

 "သေချာကြည့်စရာတောင်မလိုဘူး...တစ်ချက်ကြည့်တာနဲ့ အမှိုက်မှန်းသိသာနေတဲ့ဟာကို...."

 *ငါအခုပဲ မင်းကို သတ်ပစ်မယ်....*

 ချန်ယောလ် စိတ်ထဲက ကြုံးဝါးလိုက်မိတယ် ။ ဌာနမှူးဆိုတဲ့ကောင်ကို သူစိတ်ရှိလက်ရှိ လုပ်လိုက်ရရင် အသက်တောင်ရှင်မှာမဟုတ်တော့ဘူး ။

 စိတ်ထဲကနေ အားရပါးရ ထိုးကြိတ်လိုက်ပြီးတဲ့နောက်မှာ ချန်ယောလ် စိတ်လျှော့လိုက်ရတယ် ။ ပြီးတော့ ဘာမှမပြောတော့ဘဲ အခန်းထဲကနေ ထွက်လာခဲ့တယ် ။

ပထမတစ်ခေါက် ပြင်ခိုင်းတာကိုအခုသူထပ်ပြင်လာတော့လည်းမဟုတ်ဘူးဆိုတော့ ချန်ယောလ် ဘာလုပ်ပေးရမယ်မှန်း တကယ်မသိတော့ဘူး ။

 သူ့စားပွဲဆီပြန်ရောက်တဲ့အခါ ဘေးခုံက အလုပ်သင်ကောင်လေးက တချောက်ချောက်နဲ့ စာရင်းတွေ ရေးနေတယ် ။ ချန်ယောလ် လက်ထဲက ဖိုင်နဲ့ ကောင်လေး ပခုံးကို အသာပုတ်လိုက်တော့ ကောင်လေးက လှည့်ကြည့်လာတယ် ။

F r e e d o mWhere stories live. Discover now