Episode 23

2.3K 464 23
                                    

(Unicode)

(23)

စစ်မှန်တဲ့ လွတ်လပ်ခြင်းဆိုတာ ဘာလဲ ။

"နောက်ဆုံးတော့ ဒီလိုနေရာမှာ လာတွေ့ရတယ်လို့..."

သမ္မတဟောင်းဆိုတဲ့ အရှိန်အဝါနဲ့ လိုက်အောင် မျက်နှာပေါ် အပြုံးတစ်ခုက ကြင်နာတတ်သယောင်နဲ့ ပြတ်သားမှုများ ပြည့်လို့နေတယ် ။ ဘယ်လောက်ပဲ ပြုံးနေပါစေ ။ ဘတ်ဟျွန်းအတွက်တော့ အိပ်မက်ဆ်ိုးပဲ ဖြစ်တယ် ။

မသိလိုက်မသိဘာသာနဲ့ ဘတ်ဟျွန်းရဲ့ ခြေလှမ်းတွေက အလိုလို အနောက်ဆုတ်မိသွားတယ် ။

အားကိုးတကြီးနဲ့ ချန်ယောလ်ရဲ့ လက်ကို ဆုပ်ကိုင်မိတဲ့အခါ ချန်ယောလ်က ပြန်ပြီး မလွှတ်တမ်းဖမ်းဆုပ်လာတယ် ။ ကြီးမားပြီး နွေးထွေးတဲ့ လက်တစ်စုံ ။ ဘတ်ဟျွန်းရင်ဘတ်ထဲ နွေးထွေးသွားတယ် ။

ဖခင်ဖြစ်တဲ့ ဗြောင်အင်ဟွန်းက ဘတ်ဟျွန်းနဲ့ ချန်ယောလ် တွဲထားတဲ့ လက်ကို ကြည့်ပြီး မျက်လုံးတွေ မှေးစင်းသွားတယ် ။ ပြီးတော့ ရွံရှာသလို မျက်ဝန်းတွေနဲ့ ကြည့်ရင်း တစ်ချက်ပြုံးတယ် ။

"ပြန်လိုက်ခဲ့..."

"ဟင့်အင်း..."

တင်းမာတဲ့ လေသံနဲ့ ဖခင်ရဲ့စကားကို ဘတ်ဟျွန်းက ခေါင်းခါရင်း ငြင်းဆန်တယ် ။ သူနှစ်တွေအကြာကြီး ထွက်ပြေးလာခဲ့တာ အဆုံးသတ်မှာ ဒီလို ဖြစ်ဖို့မှ မဟုတ်တာ ။

"အဖေကလူတွေ အာရုံစိုက်မိအောင် မလုပ်ချင်ဘူး...လိမ်လိမ်မာမာနဲ့ ပြန်လိုက်ခဲ့ရင် ကောင်းမယ်..."

သဘောထားကြီးသယောင်ထင်ရတဲ့ မျက်နှာမှာ ထွက်ပေါ်လာတဲ့ အပြုံး ။ ပြုံးနေပေမဲ့ လေသံကတော့ ခြိမ်းခြောက်တဲ့ဟန်အပြည့် ။ ချန်ယောလ် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းတွေ ထသွားတယ် ။

"မလိုက်ဘူး...ကျွန်တော် ဒီမှာပဲနေမှာ...လိုက်မရှာပါနဲ့တော့..."

"ပြောရခက်လိုက်တာ...ငါ့သားရယ်..."

ဗြောင်အင်ဟွန်းက သူ့မျက်ခုံးသူ ကုတ်ရင်း ခပ်ပြုံးပြုံးနဲ့ ပြောလာတယ် ။ ချန်ယောလ်လက်ကို ဆုပ်ကိုင်ထားတဲ့ ဘတ်ဟျွန်းရဲ့လက်တွေ ပိုပြီး တင်းကျပ်သွားတယ် ။ ကြောက်ရွံ့တုန်လှုပ်မှုကြောင့် ဆုပ်ကိုင်ထားတဲ့ လက်တွေကြားမှာ ချွေးစေးတွေထွက်လာတယ် ။ ဒီချွေးစေးတွေကြောင့်ပဲ ချော်ပြီး လက်တွေကို လွှတ်မိမလားလို့ တွေးမိတဲ့အခါ ဘတ်ဟျွန်း ရင်ဘတ်ထဲ မခံမရပ်နိုင်အောင် အောင့်တက်သွားတယ် ။

F r e e d o mWhere stories live. Discover now