Episode 08

2.7K 488 8
                                    

(Unicode)

(8)

"ခင်ဗျား ဒါဘာသဘောလဲ..."

အစည်းအဝေးခန်းထဲက ထွက်လာတဲ့ ဌာနမှူးရဲ့ အင်္ကျီကော်လာကို ချန်ယောလ် ဒေါသတကြီး ပြေးဆွဲလိုက်တယ် ။ အခန်းထဲက ထွက်လာတဲ့ အကြီးပိုင်းက လူတွေက ရုတ်တရက်ဖြစ်လာတဲ့ အခြေအနေကြောင့် အလန့်တကြား အကြည့်တွေ ရောက်လာတယ် ။

"ခဏလေး...လွှတ်ပါဦး..လွှတ်ပြီးမှပြောလေ..."

ချန်ယောလ်ရဲ့ လက်ကို တဖတ်ဖတ်ပုတ်ပြီး ပြောလာတဲ့ ဌာနမှူးကောင်ရဲ့ကော်လာကို ချန်ယောလ် ဆောင့်လွှတ်လိုက်တော့ ချောင်းတဟွတ်ဟွတ်ဆိုးရင်း ထိုင်လျက် လဲကျသွားတယ် ။ ဘေးက လူတွေက ကိုယ့်အထက်လူကြီးကို အကြမ်းပတမ်းတွန်းထုတ်လိုက်တဲ့ ချန်ယောလ်ကို တိုးတိုးတိုးတိုးနဲ့ ဝေဖန်နေကြတယ် ။

"ဘာဖြစ်ကြတာလဲ..."

အခုမှ အစည်းအဝေးခန်းထဲက ထွက်လာတဲ့ မန်နေဂျင်းဒါရိုက်တာက သူ့သမက်ကြမ်းပြင်ပေါ်  ဖင်ထိုင်လျက်ကျနေတဲ့ မြင်ကွင်းကို မြင်တော့ ဒေါသတကြီး မေးလာတယ် ။ ဒါပေမဲ့ ချန်ယောလ်ရဲ့အာရုံက သူ့ဆီမှာမရှိဘဲ သမက်ဖြစ်သူကိုပဲမီးတောက်တော့မလို အကြည့်တွေနဲ့ ကြည့်နေတယ် ။

"အဲဒီပရောဂျက်က ကျွန်တော် နေ့မနားညမအား လုပ်ထားရတဲ့ ပရောဂျက်...အခုကျတော့ ခင်ဗျားရဲ့ ပရောဂျက်တဲ့လား...ဟမ်!!"

ချန်ယောလ်ရဲ့ ခပ်မာမာအသံကျယ်ကိုကြားတော့ ဘေးလူတွေဆီက တီးတိုးသံတွေက ပိုကျယ်လာတယ် ။ ဌာနမှူးဖြစ်သူက ချန်ယောလ်ရဲ့ စကားကိုကြားတော့ ခပ်အက်အက်အသံနဲ့ ရယ်ရင်း ထလာတယ် ။

"ဘာတွေလာပြောနေတာလဲ...
လက်ထောက်မန်နေဂျာပတ်...လူတွေရှိနေတယ်...လူရှင်းတဲ့နေရာသွားရအောင်..."

ချန်ယောလ်က စိတ်တိုနေပေမဲ့ လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ခွဲခြားနိုင်စွမ်းရှိသေးတာမို့ လူတွေဝိုင်းကြည့်နေကြတဲ့ နေရာကနေ ဌာနမှူးအပြင် မန်နေဂျင်းဒါရိုက်တာနဲ့အတူ ထွက်လာခဲ့လိုက်တယ် ။

"ကျွန်တော့်ပရောဂျက်ကို ပြန်လိုချင်တယ် ..."

"ခင်ဗျားရဲ့ ပရောဂျက်တဲ့လား...ခင်ဗျားက အဖွဲ့လိုက် လုပ်ထားတဲ့ ပရောဂျက်ကို ခင်ဗျားတစ်ယောက်တည်း နာမည်ယူချင်တဲ့အပြင် ခေါင်းဆောင်ဖြစ်တဲ့ ကျွန်တော့်ကိုပါ အခုစော်ကားနေသေးတယ်..."

F r e e d o mWhere stories live. Discover now