Episode 14

2.3K 455 21
                                    

(Unicode)

(14)

"တောင်ကိုရီးယား သမ္မတဟောင်း ဗြောင်အင်ဟွန်း..."

ဘတ်ဟျွန်းရဲ့စကားသံအဆုံး ချန်ယောလ်ဆီက ဘာအသံမှထွက်မလာနိုင်တော့ဘူး ။ ချန်ယောလ်က ဘတ်ဟျွန်းကို အံ့သြတကြီးနဲ့ ငြိမ်သက်စွာပဲ ကြည့်နေခဲ့တယ် ။ အံ့သြလွန်းလို့ ဘာမှမပြောနိုင်တော့တာလည်း ဖြစ်နိုင်ပါတယ် ။

ဘတ်ဟျွန်း အရာရာကိုသိတတ်လာတဲ့အရွယ်မှာ စပြီးသိမှတ်လိုက်ရတဲ့အရာက သူ့အဖေဟာ သမ္မတဟောင်းတစ်ယောက်ဖြစ်ပြီး သူ့ဘဝကိုလည်း အဖေ့လိုလျှောက်လှမ်းရမယ်ဆိုပြီး သူ့ဆန္ဒမပါတဲ့ ဆုံးဖြတ်ချက်ကို လိုက်နာရမယ်ဆိုတာပဲ ။ သူ့ဘဝဟာ သူ့အပိုင်လို့ ဘတ်ဟျွန်း ဘယ်တုန်းကမှ မခံစားခဲ့ရတဲ့အထိ အဖေက သူ့လို သမ္မတကောင်း တစ်ယောက်ဖြစ်စေချင်ခဲ့တယ် ။

ဒါကို ဘာလို့ခေါ်သလဲ ။

ဘယ်လိုခြေလှမ်းကမှ အမှားအယွင်းမရှိစေရဘူးဆိုတဲ့ ရာဇသံနဲ့ ဘတ်ဟျွန်းက ငယ်ငယ်တည်းက အိမ်ထဲမှာပဲကြီးပြင်းလာရပြီး စာပေဗဟုသုတစတဲ့ အသိပညာတွေကိုပဲ ခေါင်းထဲ ရိုက်သွင်းပေးခံခဲ့ရတာဖြစ်တယ် ။

ဘတ်ဟျွန်းကို ထားခဲ့တဲ့ကျောင်းကလည်း အကောင်းတကာ့အကောင်းဆုံးကျောင်းဖြစ်သလို ဘတ်ဟျွန်းရဲ့ သူငယ်ချင်းတွေကလည်း နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ နိုင်ငံရေးသမားတွေရဲ့ သားသမီးတွေပါပဲ ။ဘတ်ဟျွန်းအတွက် လိုအင်ဆန္ဒဆိုတာ အရေးမပါသလို အဖေ့ရဲ့ သမ္မတ လုပ်သက်အတွင်း  မပြီးမြောက်ခဲ့တဲ့ ဆန္ဒတွေကို ဆောင်ရွက်ပေးဖို့ ဘတ်ဟျွန်းက ငယ်ငယ်တည်းက ဖိအားပေး ခံခဲ့ရတယ် ။

ဘတ်ဟျွန်းက အဖေဖြစ်စေချင်တဲ့ သမ္မတကောင်းတစ်ယောက်ဖြစ်လာဖို့ ငယ်ငယ်တည်းက ကြိုးစားခဲ့တယ် ။ သူ့ဘဝမှာ တခြားသော အသက်မွေးဝမ်းကြောင်းအလုပ်တွေကို ခေါင်းထဲမစဥ်းစားမိတဲ့အထိ သူ့အတွက် ဦးတည်ရာက တစ်ခုတည်းပဲ ။

ပညာရေးမှာ အမြဲထူးချွန်အောင်လုပ်ခဲ့သလို ဘာသာစကားကအစ အဘက်ဘက်ကနေ ဆရာသမားပေါင်းစုံနဲ့ သင်ကြားခဲ့တယ် ။ ဘတ်ဟျွန်းငယ်ငယ်လေးကတည်းက ကစားချိန်ဆိုတာ မရှိခဲ့ဘဲ တော်သထက်တော်အောင် လုပ်ရင်းပဲ အချိန်ကုန်ခဲ့ရတယ် ။ ဘတ်ဟျွန်းက လောကကြီးအကြောင်းကို အများကြီးသိပေမဲ့ တစ်ချိန်တည်းမှာပဲ လောကကြီးနဲ့ လက်တွေ့ ထိတွေ့မှု မရှိခဲ့ဘူး ။

F r e e d o mWhere stories live. Discover now