(Unicode)
(13)
"သက်ပြင်းတချချနဲ့ ဘာဖြစ်နေတာလဲ..."
ပခုံးကိုပုတ်ပြီး လာမေးတဲ့ ဂျုံအင်ကို စိတ်မပါလက်မပါဘဲ ခေါင်းခါပြလိုက်တယ် ။ မနက်မိုးလင်းတည်းက ချန်ယောလ်တစ်ယောက် သုန်မှုန်နေတဲ့ မျက်နှာနဲ့ ငူငူငိုင်ငိုင်ကြီး ထိုင်နေတာ ဂျုံအင်တွေ့သားပဲ ။
အစည်းအဝေး လုပ်နေရင်းတောင် အာရုံမရလို့ ဘာတွေပြောသွားမှန်း တစ်လုံးမှ မသိလိုက်ဘူး ။ နောက်မှ ဂျုံအင်ကို ပြန်မေးလိုက်မယ်လေ ဆိုပြီး အခုလည်း အတွေးလွန်နေတဲ့ပုံနဲ့ ထိုင်ခုံမှာ မလှုပ်မယှက်ထိုင်ငေးနေတယ် ။
"ဘာမှမဖြစ်ရင်လည်း အာရုံစိုက်ဦး...အစည်းအဝေးမှာ လုပ်ခိုင်းလိုက်တာတွေ ဘာမှမသိဘူးမလား..."
"ဆောရီး..."
"ထားပါ...ကျွန်တော် တစ်ခါပဲ ပြောမှာမို့လို့ သေချာနားထောင်...တွေးစရာ ဆွေးစရာရှိလည်း နောက်မှဆက်လုပ်..."
"အင်း...ကျေးဇူးပဲ..."
အားနာပါနာနဲ့ ပြုံးရင်း ပြောလိုက်ပေမဲ့ အသက်မပါတဲ့ မျက်နှာကြောင့် ဂျုံအင် သက်ပြင်းခိုးချရင်း ခေါင်းပဲ ခါမိတယ် ။ သူများကိစ္စတွေမှာ မပါတတ်တဲ့ သူ့အကျင့်ကြောင့် မေးကြည့်ဖို့တော့ မစဥ်းစားမိဘူး ။ သူ့စီနီယာက ပြောပြချင်တဲ့ ပုံလည်းမပေါ်တာကြောင့် ။
"အဲ့ဒါ ဒီတစ်ပတ် အပြီးတင်ရမှာ.."
"အိုခေ...ငါလုပ်ထားလိုက်မယ်..."
"စီနီယာ...ညနေကျရင် သွားသောက်ကြမလို့...လိုက်မယ်မလား..."
သူတို့ဌာနက သွက်သွက်လက်လက် အမျိုးသမီးက တစ်ဖက်စားပွဲကနေ အပြုံးနဲ့ လှမ်းပြောတယ် ။
"မလိုက်တော့ဘူး...လုပ်စရာလေးရှိလို့..."
ချက်ချင်းငြင်းလိုက်တဲ့ ချန်ယောလ်ကို မေးလာတဲ့အမျိုးသမီးရော ဂျုံအင်ရော အထူးအဆန်းလိုကြည့်တယ် ။ ပုံမှန်ဆို အမြဲလိုက်လေ့ရှိတဲ့ ချန်ယောလ်က အခု ငြင်းလိုက်တဲ့အခါ လာမေးတဲ့ အမျိုးသမီးက ကြောင်အမ်းသွားတယ် ။ ဂျုံအင်ကတော့ ချန်ယောလ် စိတ်ညစ်နေမှန်းသိတာမို့လို့ ဘာမှမပြောဖြစ် ။