Episode 11

2.4K 453 11
                                    

(Unicode)

(11)

"ကျွန်တော့်ကို တစ်ဝိုင်းနော်..."

"မင်းက တစ်ဝိုင်းကျွေးရမှာလေ...ငနာလေးရဲ့..."

ဂျုံအင်ရဲ့ ခေါင်းကို လက်ထဲက ဖိုင်နဲ့ပုတ်လိုက်ရင်း ချန်ယောလ်ရေရွတ်လိုက်တယ် ။ အလုပ်သင်အဆင့်မဟုတ်တော့ဘဲ တရားဝင်ဖြစ်သွားပြီမို့ ဂျုံအင်အစား ချန်ယောလ်က ပျော်နေပေမဲ့ ဂျုံအင်ကတော့ နည်းနည်းလေးတောင် စိတ်လှုပ်ရှားပုံ မပေါ်ပါဘူး ။

"စက်ရုံမှာ လိုက်စစ်ဆေးတာတွေလည်း ပြီးသွားပြီဆိုတော့ ငါတို့ လျှောက်ပတ်ကြည့်မလား..."

"စီနီယာပဲသွား...ကျွန်တော်က ဟိုတယ်ပြန်ပြီး အိပ်တော့မယ်...ဒါဆို..."

သူ့စကားတောင်ဆုံးအောင်နားမထောင်ဘဲ ဖြစ်ကတတ်ဆန်း အရိုအသေပေးပြီး ထွက်သွားတဲ့ ဂျုံအင်ကို နောက်က ပြေးမကန်မိဖို့ ချန်ယောလ် မနည်းထိန်းလိုက်ရတယ် ။
ဒီကောင်လေး ဘယ်တော့မှ သူ့စကားနားထောင်မှာလဲ ။ ပါးစပ်က စီနီယာ စီနီယာနဲ့ လုပ်နေတာတွေက သူ့ကိုနည်းနည်းမှ လေးစားရာ မရောက်ဘူး ။

လက်ထဲက ဖိုင်တွေကို အိတ်ထဲထည့်ပြီး ချန်ယောလ်လည်း ဟိုတယ်ပြန်နားရင်ကောင်းမလား စဥ်းစားမိတယ် ။ အခု သူတို့က အလုပ်ကိစ္စနဲ့ ဒယ်ဂူကို တစ်ပတ်ခရီးထွက်လာရတာ ဖြစ်တယ် ။ တစ်ပတ်ကြီးများတောင် ကိုယ့်အိမ်ကိုယ့်ယာမဟုတ်တဲ့ နေရာမှာ ဂျုံအင်လို ငတိနဲ့ နေရမှာကို တွေးရင်း ခေါင်းမွေးပြောင်ချင်နေတယ် ။

အခုငါးရက်မြောက်ရှိပြီ ဖြစ်ပေမဲ့ ဂျုံအင်နဲ့ ၂၄နာရီပတ်လုံး အတူနေရဖို့အရေး အတင်းလိုက်ဆွဲနေရတယ် ။ ဂျုံအင်က အလုပ်ပြီးတာနဲ့ လှစ်ခနဲ ​ပျောက်ပျောက်သွားတာမို့ ချန်ယောလ်တစ်ယောက်တည်းကျန်ခဲ့တာ များတယ် ။ ဒါလည်းကိစ္စမရှိပါဘူး ။ ချန်ယောလ် ကလေးထိန်းမနေရတော့ဘူးပေါ့ ။

အသင့်သောက်ကော်ဖီတွေချည်း သောက်နေရတဲ့ ချန်ယောလ်က မသိမသာတစ်မျိူး သိသိသာသာတစ်မျိုးနဲ့ သောက်နေကျ ကော်ဖီအရသာလေးကို တောင့်တနေမိတယ် ။ နောက်ဆုံး မနေနိုင်တဲ့အဆုံး ကော်ဖီဆိုင်တစ်ဆိုင်ကိုဝင်ပြီး ကော်ဖီ တစ်ခွက်မှာသောက်လိုက်ရတယ် ။

F r e e d o mWhere stories live. Discover now