(Unicode)
(22)
"ဘတ်ဟျွန်း ဟုတ်တယ်မလား..."
မတွေ့တာကြာတဲ့ နှစ်တွေအတွင်း ထယ်ဝန်က အရင်အတိုင်း မပြောင်းမလဲ ။ ဘတ်ဟျွန်းက တုန်လှုပ်နေတဲ့ လက်တွေကို ဖွက်ရင်း ထယ်ဝန်ဆီက အကြည့်လွှဲလိုက်တယ် ။
"လူမှားနေတယ်ထင်တယ်...ဒါဆို"
ဘတ်ဟျွန်းက ထယ်ဝန်ရှေ့ကနေ အမြန်ဆုံးပြေးထွက်ဖို့ ကြံစည်လိုက်တယ် ။ သူ့ရဲ့ ခြေထောက်တွေက ဘယ်လောက်ထိ ခွေယိုင်ချင်နေလဲဆိုတာ သူအသိဆုံး ။
ထယ်ဝန်က အလွတ်မပေးဘဲ ဘတ်ဟျွန်းရဲ့ လက်ကို လှမ်းဆွဲတယ် ။
"ဘတ်ဟျွန်း ...မင်း!!ဗြောင်ဘတ်ဟျွန်း ဟုတ်ပါတယ် ..."
ဘတ်ဟျွန်းရဲ့ မျက်နှာကို သေချာလိုက်ကြည့်ရင်း အတပ်ပြောလာတဲ့ ထယ်ဝန်ကြောင့် ဘတ်ဟျွန်းမျက်လုံးတွေက ပြူးကျယ်ဝိုင်းစက်ပြီး ထိိတ်လန့်နေတယ် ။
ထယ်ဝန်က ဘတ်ဟျွန်းလက်ကို ခပ်တင်းတင်း ဆွဲထားရင်း ဘတ်ဟျွန်းဆီက အဖြေကို မျှော်နေတယ် ။"ဘာလုပ်တာလဲ..."
တင်းမာတဲ့အသံတစ်ခုနဲ့အတူ ဘတ်ဟျွန်းရဲ့လက်တွေက ထယ်ဝန်လက်ထဲက လွတ်မြောက်သွားပြီး နွေးထွေးတဲ့ လက်ဖဝါးတစ်စုံထဲ ကျရောက်သွားတယ် ။
ချန်ယောလ်က ဘတ်ဟျွန်းရှေ့ကကာရပ်ရင်း ထယ်ဝန်ကို ခပ်စူးစူးစိုက်ကြည့်နေတယ် ။"ခင်ဗျားကဘယ်သူလဲ..."
"အဲ့တာ ကျွန်တော်မေးရမှာ...ခင်ဗျားက ဘယ်သူလဲ..."
ချန်ယောလ်နဲ့ ထယ်ဝန်က တစ်ယောက်ကို တစ်ယောက် အကြာကြီး စိုက်ကြည့်နေတယ် ။
"လူမှားနေတာပါ...သွားရအောင်..."
ချန်ယောလ် အနောက်မှာ ခပ်ကုတ်ကုတ်ကလေး ရပ်နေတဲ့ ဘတ်ဟျွန်းက ချန်ယောလ် အင်္ကျီစကို အသာဆွဲရင်း ပြောလာတယ် ။ ချန်ယောလ်က ထယ်ဝန်ကို တစ်ချက်ကြည့်လိုက်ပြီး ဘတ်ဟျွန်းကိုခေါ်ပြီး ထွက်သွားဖို့လုပ်တယ် ။
"ဗြောင်ဘတ်ဟျွန်း... ဘယ်သွားမှာတုန်း!"
"လူမှားနေတယ်လို့ ပြောနေတယ်လေ!!"
ဘတ်ဟျွန်းကို လှမ်းဆွဲဖို့လုပ်တဲ့ ထယ်ဝန်ကို ချန်ယောလ်က တွန်းထုတ်လိုက်တယ် ။