Episode 17

2.8K 534 49
                                    

(Unicode)

(17)

"...အစ်ကိုပါလား..."

ချန်ယောလ်က ကြက်သေသေသွားမိတယ် ။ ဘတ်ဟျွန်းက သူ့ကိုပုံမှန်အတိုင်း စကားပြောလာတာကိုမြင်ပြီး လည်ချောင်းထဲ ခြောက်ကပ်လာတယ် ။

ဘတ်ဟျွန်းကို မျက်စိရှေ့မှာ အကောင်လိုက်ပြန်မြင်နေရတာကို သူ့မှာ မယုံနိုင်ဘဲ အိပ်မက်လိုဖြစ်နေတယ် ။ ၅နှစ်တာလုံး ဘတ်ဟျွန်းကိုတွေ့ရင် ပြောမယ်ဆုံးဖြတ်ထားတဲ့ စကားတွေလည်း ကြက်ပျောက်ငှက်ပျောက် ။ ချန်ယောလ်က ကြောင်တောင်တောင်နဲ့ ဘတ်ဟျွန်းလက်ကို ဆုပ်ကိုင်ထားမိတာကြာလာတော့ ဘတ်ဟျွန်းက သူ့လက်ကို ခါထုတ်လိုက်တယ် ။ ဘတ်ဟျွန်းမျက်နှာက ပြုံးနေပေမဲ့ ခါးသီးစွာ သူ့လက်ကို ခါထုတ်လိုက်တာမို့ ချန်ယောလ် ရင်ဘတ်ထဲ ဆစ်ခနဲ ဖြစ်သွားတယ် ။ ဘတ်ဟျွန်းက သူ့ကို ခုထိ ခွင့်မလွှတ်နိုင်သေးဘူးလား ။

"မြို့က လူချောလေးက ငါတို့ ဆရာလေးနဲ့ သိနေတာလား..."

ဘေးက အဒေါ်ကြီးရဲ့ အသံကြားမှ ချန်ယောလ် အသိဝင်လာပြီး ချောင်းဟန့်လိုက်မိတယ် ။

ဆရာလေး ??

"ဒီတိုင်း ကျွန်တော်တို့ မြို့မှာတုန်းက ဘေးချင်းကပ်နေဖူးလို့ပါ... အဲ့လောက်မသိပါဘူး..."

အဒေါ်ကြီးကို လှည့်ပြီး ရယ်ရယ်မောမောပြောတဲ့ ဘတ်ဟျွန်းရဲ့ စကားအဆုံးမှာ ချန်ယောလ် ရင်ထဲ ဒိန်းခနဲ ဖြစ်သွားတယ် ။ ဘတ်ဟျွန်းကို မဝံ့မရဲ လှမ်းကြည့်လိုက်တော့ ဘတ်ဟျွန်းက ပြုံးပြတယ် ။ ချန်ယောလ် ရင်ဘတ်ထဲ ကမ္ဘာပျက်နေသလို ပြိုလဲသွားတယ် ။ သူ့မျက်နှာ အခု တော်တော်ပျက်နေလား ငိုမဲ့မဲ့ ဖြစ်နေသလားဆိုတာ ချန်ယောလ် မပြောတတ်တော့ဘူး ။

"ပင်ပန်းသွားပြီ...မပြီးသေးဘူးလား...ပြန်ကြမယ်လေ..."

"ပြီးပါပြီ ဆရာလေးရဲ့...ဘာတွေလောနေတာလဲ..."

"ဗိုက်ဆာပြီဗျ..."

ပတ်ဝန်းကျင်က ရယ်သံတွေနဲ့ စကားသံတွေက ချန်ယောလ် နားထဲ ဝင်မလာတော့ဘူး ။ သူ့အာရုံက ဘတ်ဟျွန်းမျက်နှာတစ်ခုတည်းမှာ ။

"ဆရာ...."

ဆော့နေတဲ့ မီနာက ​အော်သံတစ်ခုနဲ့အတူ ဘတ်ဟျွန်းကို ပြေးဖက်တယ် ။ ဘတ်ဟျွန်းကိုယ်တွေက ရေတွေစိုနေတာမို့ ဘတ်ဟျွန်းက သူ့ကိုမဖက်ခင် မီနာနဖူးကို လက်ညှိုးနဲ့ တွန်းပြီး တားထားလေရဲ့ ။

F r e e d o mWhere stories live. Discover now