Episode 20

2.8K 516 14
                                    

(Unicode)

(20)

ချန်ယောလ်တစ်ယောက် မျက်နှာစူပုပ်ပုပ်နဲ့ အခန်းထဲမှာ ထိုင်နေမိတယ် ။ ဖုန်းမျက်နှာပြင်မှာ မြင်နေရတဲ့ သူ့မျက်နှာသူ ကြည့်ပြီး စိတ်ပျက်လက်ပျက် သက်ပြင်းချမိတယ် ။

သူ့အသက်ဟာ လက်ရှိ ၃၅နှစ် ။ ငယ်ငယ်တည်းက ကိုယ့်ရဲ့ပုံပန်းသွင်ပြင်သေသပ်နေရုံကလွဲ ဘာမှ ဂရုစိုက်ခဲ့တာမဟုတ် ။ အသက်ကြီးလာတော့လည်း အလုပ်မှာ စိတ်ပင်ပန်းစရာတွေ ခေါင်းစားစရာတွေနဲ့ ကြုံလာရတဲ့အခါ သူ့မျက်နှာက ပုံမှန်ထက်ပိုပြီး အနည်းငယ် ရင့်ချင်နေတယ် ။ မျက်လုံးနားမှာ အရေးအကြောင်းတချို့​ကိုတောင် မြင်နေရသလိုပဲ ။ ချန်ယောလ် ဝမ်းနည်းပက်လက်ထိုင်ငိုချင်သွားတယ် ။

ချန်ယောလ် ခေါင်းထဲ ကြံရာမရတဲ့အဆုံး ဖုန်းထုတ်ပြီး ကယ်တင်ရှင် ဆယ်ဟွန်းဆီ ဖုန်းဆက်မိတော့တယ် ။

"မနက်အစောကြီး ဘာဖြစ်ပြန်ပြီလဲဗျာ..."

ဖုန်းကိုင်လိုက်တာနဲ့ တစ်ဖက်က အပြစ်တင်သံက အရင်စပေါ်လာတယ် ။ အမြဲလိုလို ချန်ယောလ်ဖုန်းဆက်တာနဲ့ သူ့ခေါင်းကို ပူထူနေအောင် အသုံးပြုရပြီး အာပေါက်မတတ် ရှင်းပြရတာမျိုးကို ဆယ်ဟွန်း သည်းခံနေရတာကြာနေပါပြီ ။ အထူးသဖြင့် အခုလို မနက်အစောကြီး ဖုန်းဆက်တာမျိုးကို ဆယ်ဟွန်း အတော် မုန်းနေပြီ ။

"ဆယ်ဟွန်း..."

ငိုသံပါကြီးနဲ့ ပြောလာတဲ့ ချန်ယောလ်ကြောင့် ဆယ်ဟျွန်းက သက်ပြင်းချတယ် ။

"ဘာလဲ ဘာလဲ .."

"ငါတော်တော်အိုစာနေပြီလား ..."

"ဟမ်..."

သူ့ရဲ့ တန်ဖိုးရှိလှတဲ့ အိပ်ချိန်တွေကို ဖျက်ဆီးလိုက်ပြီး မေးတဲ့မေးခွန်းက အရေးမပါတဲ့ မေးခွန်းဖြစ်နေတဲ့အခါ ဆယ်ဟွန်းချက်ချင်းပဲ ဖုန်းချပစ်ချင်လာတယ် ။ နာရီကို စိတ်ပေါက်ပေါက်နဲ့ လှမ်းကြည့်တော့ မနက် ၇နာရီတောင်မထိုးသေးဘူး ။

"ဘယ်သူက ဘာပြောလို့လဲ..."

"......"

ဆယ်ဟွန်းရဲ့ မေးခွန်းကြောင့် ချန်ယောလ်က တိတ်ဆိတ်သွားတယ် ။

F r e e d o mWhere stories live. Discover now