ဒီနေ့က ကျွန်တော်ရဲ့မင်္ဂလာနေ့လေးဖြစ်သလို့...တနည်း
အားဖြင့် ယောက်ျားတစ်ယောက်ဖြစ်တဲ့ကျွန်
တော်နဲ့ တခြာသူစိမ်းယောက်ျားတစ်ယောက်နဲ့ရွှေ
လက်တွဲဖို့ စေ့စပ်ပွဲဆိုလည်းမမှား။မမသိမ့်သဒ္ဒါကတော့ ဝတ်ထားတဲ့သတို့သား
အဝတ်လေးကိုကြည့်ပြီးသိပ်ကိုလှသည်ဟု
ချီးမွန်းခန်းဖွင့်နေလေ၏။ငြိမ်းဖွဲ့ဝန်း မမသိမ့်သဒ္ဒါကိုကြည့်လိုက်စဉ်မှာပင်မမသိမ့်၏မျက်ဝန်းထဲတွင်မျက်ရည်ကြည်လေးများတွဲခိုလျက် ဒါဟာ ငြိမ်းအတွက်ဝမ်းသာဝမ်း
နည်းဖြစ်နေတာကိုမြင်နေရပေမည်။ငြိမ်းအတွက် မမသိမ့်က အမဝမ်းကွဲတော်စပ်
ပေမဲ့ ငြိမ်းအတွက်အမြဲတမ်းအမအရင်းတစ်
ယောက်ပမာစောင့်ရှောက်ရင်းဖေးမလာခဲ့သည်သာမဟုတ်ချေ...ဆုံးမသင့်တာဆုံးမရင်းအမရင်းတစ်ယောက်ထက်မကခင်တွယ်ရသူဘဲမဟုတ်လား။မမသိမ့်ရွေးပေးတဲ့အဖြူရောင်ဝတ်စုံပြည့်လေးနှင့်ငြိမ်းတစ်ယောက်မှန်ရှေ့တွင်မမှိန်မသုန်ကြည့်လိုက်လေသည်..။ဆံပင်ခပ်အုပ်အုပ်
လေးနှင့်အဖြူထည်လေးလိုချောမောတဲ့ငြိမ်း
ဟုတ်ပါ့လေစ..ဖွေးဆွတ်တဲ့အသားအရေတွေ
ကအဖြူရောင်လေးနှင့်လိုက်ဖက်လျက်တော်ဝင်မင်းသားလေးလိုဖွေးဥရှင်းသန့်နေသည့်အဖြစ်...။စေ့စပ်ပွဲလို့ထင်ယောင်စေသည့်ပွဲလေးတစ်ခု
ကမကြာခင်မျက်ဝါးထင်ထင်ဖြစ်မြောက်လာ
ရတော့မည်...။အနာဂတ်ကာလကို ငြိမ်း လုံးဝ
ပင်မတွေးထားရဲ..လျှမ်းပိုင်မိုးဆိုသည့်လူငယ်
တစ်ဦးနှင့်မကြာခင်စေ့စပ်ရတော့မည့်ယောက်ျားသားတစ်ဦးအတွက်ပိုလို့တောင်မတွေးချင်ပေ..ငြိမ်းရဲ့ဘဝကိုကောဘယ်သူတွေက
ကယ်တင်ပေးပါလေစ...သင့်တော်သည်ဟု ဆုံးဖြတ်ခဲ့တဲ့ ဖေဖေရဲ့ဆန္ဒတွေနဲ့ မမသိမ့်ကပါ ခေါင်းညိမ့်ဖို့ သဘောတူရန် နားချခဲ့တော့လည်း
ငြိမ်း ဘာကိုမှမစဉ်းစားနိင်ခဲ့။ကောင်းမယ်ထင်ရင် လုပ်ပေါ့လေ။ မိဘစကားနားထောင်တဲ့သားသမီးက နိမ့်ကျစရာတော့မရှိနိင်ဘူးဟု ငြိမ်းစွဲမြဲထားလိုက်လေသည်။
ဒါပေမဲ့ ငြိမ်း ထိုအမျိုးသားကို ချစ်စိတ်ဖြစ်နေတာမျိုးမရှိခဲ့။
![](https://img.wattpad.com/cover/231532105-288-k646029.jpg)
YOU ARE READING
NYEIN. ( ငြိမ်း )[ Complete ]
Actionနှလုံးသားထဲဝင်ကြည့်ချိန်ရောက်ပီ နှလုံးသားထဲပန်းရောင်လေးတွေတွေ့လား အဲ့ဒါအချစ်တွေ သိမ်မွေ့နူးညံ့တဲ့အချစ်တွေအေးမြတဲ့အချစ်တွေမြင်ကြည့်ပါ... ကြည့်ပါ.....စူးစ်ိုက်ကြည့်.. နာမည်လေးတောင်အမာရွတ်စွဲနေပြီ ငြိမ်း.....ငြိမ်းတဲ့ ( Collage life Bl.Drama_Romance) ႏ...