Chapter 1

4.1K 299 0
                                    

#Unicode

ဟိုးလွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ဒီကမ္ဘာမြေမှာ လူသားတွေကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ ကောင်းကင်တမန်တော်များ ရှိခဲ့လေတယ်။ ထိုကောင်းကင်တမန်တစ်ယောက်ချင်းစီမှာ မတူညီတဲ့ အစွမ်းတွေရှိကြပြီးတော့ လော်ယွင်ရှီးကလည်း ထိုအိန်ဂျယ်များထဲမှ တစ်ပါးဖြစ်ပေတယ်။ တည်ငြိမ်အေးဆေးပြီး လမ်းပြကြယ်သဖွယ် နှစ်လိုဖွယ်ရာအဆင်းသွင်ပြင်ရှိသူဖြစ်ကာ အဖြူရောင်မီးတောက်ကို အစိုးရသူဖြစ်ပြီး သန့်ရှင်းစင်ကြယ်မှုနှင့် ချစ်ခြင်းမေတ္တာတရားကို ကိုယ်စားပြုလေတယ်။

အဲ့လိုနဲ့ အေးအေးချမ်းချမ်းနေလာခဲ့ကြရာမှ တစ်နေ့သောအခါမှာတော့ Angel အစုအ​ဝေးရဲ့ ခေါင်းဆောင်က ယွင်ရှီးကို ဆင့်ခေါ်ခဲ့လေတယ်...

"ယွင်ရှီး"

"အမိန့်ရှိပါ"

"Angel ကျားအော်ကို နတ်ဆိုးဘုရင်က ဖမ်းခေါ်သွားတယ်"

ယွင်ရှီး မယုံကြည်နိုင်ပေ...ကျားအော်ဆိုတာ ခေါင်းဆောင်ပြီးလျှင် ခွန်အားအရာမှာအကြီးဆုံး အိန်ဂျယ်တစ်ယောက်...ပြီးတော့ ယွင်ရှီးနှင့် အရင်းနှီးဆုံးသူတစ်ယောက်...ဒီလိုလူက နတ်ဆိုးဘုရင် လက်ထဲရောက်သွားပြီဆိုတာက ယွင်ရှီးလက်ခံနိုင်ဖို့ ခက်ခဲလွန်းတယ်..ထို့ကြောင့်...

"မဖြစ်နိုင်တာ..ဒါက ဖြစ်နိုင်ပါ့မလား"

ခေါင်းဆောင်က သူ့အရှေ့နားရှိဖန်လုံးပေါ်မှာ လက်အစုံကိုတင်လိုက်ရင်း ဂါထာတစ်ပုဒ်ကို မန်းမှုတ်လိုက်တယ်၊ ထိုဖန်လုံးမှတောက်ပတဲ့ ရောင်စင်တွေ ဖြာကျလာပြီးနောက် ဖန်လုံးအထက်နားမှာ ပုံရိပ်များက ရုပ်ရှင်ပိတ်ကားတစ်ခုပေါ် စလိုက်မီးထိုးပြလိုက်သည့်သဖွယ် ပြတ်ပြတ်သားသား မြင်လာရတယ်။ ဦးစွာ အိန်ဂျယ်ကျားအော်ရဲ့ မျက်နှာကိုတွေ့လိုက်ရပြီး ပုံရိပ်က တဖြေးဖြေးကျယ်ပြန့်လာရာ ကျားအော်ကို အချုပ်ခန်းလို သံတိုင်များကြားတွင် သံကြိုးများခတ်ထားလျက် မျက်နှာနှင့် ခန္ဓာကိုယ်တစ်ခုလုံး သွေးများမြင်မကောင်းအောင် လွှမ်းခြုံလျက်ရှိပေတယ်။

"ဒါ...ဒါ ဘယ်လိုဖြစ်နိုင်ပါ့မလဲ...ဒါ...ဒါက"

"ဟုတ်တယ် ..ကိုယ်တော်လည်း အစက မယုံနိုင်ခဲ့ဖူး...ဒါက နတ်ဆိုးဘုရင်  ပို့လိုက်တာ...သွယ်ဝှိုက်ပြီး သူက စစ်ကြေညာလိုက်တာ"

The Devil's Love (Completed)Where stories live. Discover now