Chapter 26

1.3K 179 5
                                    

#Unicode

မျှော်လင့်ခြင်းကမ်းပါးအရှင်သခင်ညွှန်းဆိုလိုက်သောနေရာသို့ ရောက်ရှိသောအခါ လော့ယွင်ရှီးကို ဘယ်ကစရှာရမလဲစဉ်းစားနေစဉ်တွင် နတ်ဆိုးကလေးပေါက်တစ်ကောင်က အကွယ်တစ်ခုမှအရှိန်ပြင်းပြင်းပြေးထွက်လာရာ ဖေးယွီကိုတည့်တည့်ဝင်တိုးမိတော့သည်။ ဖေးယွီလဲ စိတ်တိုနေသည့်အခိုက်မို့ ထိုနတ်ဆိုးကလေးပေါက်ကို ကိုင်မြှောက်ကာ အနီးရှိသစ်ပင်သို့ပစ်ပေါက်လိုက်သည်။ ထိုကလေးက နာကျင်သွားရကာ သူ့ကိုပစ်ပေါက်လိုက်သည့်သူအားမော့ကြည့်လိုက်သည်။ ဖေးယွီကိုမြင်သည်နှင့် နဂိုပြူးကျယ်ပြီးသားမျက်ဝန်းတို့က ပိုမိုပြူးကျယ်လာပြီး တချိုးတည်းနောက်လှည့်ပြေးတော့သည်။ ဖေးယွီလဲ ထိုကလေးကိုအလွတ်မပေးပဲ အနောက်ကထပ်ကြပ်မကွာလိုက်ချေသည်။ ထိုကလေးက အနီးနားရှီ လိုဏ်ဂူကျဉ်းတစ်ခုအတွင်းသို့ပြေးဝင်သွားရာ အထဲမှသာယာနာပျော်ဖွယ်ကောင်းသော စောင်းသံကဲ့သို့အသံတစ်ခုက ထိုနတ်ဆိုးပေါက်အား မေးမြန်းလိုက်သံကို ဖေးယွီကြားလိုက်ရသည်။

"ဒီဒဏ်ရာက .... ဘယ်သူလုပ်လိုက်တာလဲ"

ထိုအသံကို ကြားသည်နှင့် ဖေးယွီနှုတ်ခမ်းပါးပါးမှာ အပြုံးတစ်ခုချိတ်ဆွဲသွားချေသည်။ လော့ယွင်ရှီး .... ၂ယောက်မရှိသော သူ့ရဲ့လော့ယွင်ရှီး ... နောက်ဆုံးတော့ သူရှာတွေ့ခဲ့ပြီ။ လော့ယွင်ရှီးက နတ်ဆိုးကလေးငယ်ကိုလက်ဆွဲပြီး လှိုဏ်ဂူအတွင်းမှထွက်လာလေသည်။ ယွင်ရှီးကိုမြင်သည်နှင့် ယွင်ရှီးက သူ့ရင်ခွင်ထဲ ပြေးဝင်လာမည့်ပုံနှယ် လက်၂ဖက်ကို ဆန့်တန်းလိုက်ကာ ကြိုဆိုလိုက်ပြီး

"ကျွန်တော်လုပ်လိုက်တာ ... ကျွန်တော့်ဆီလာပါဦး"

သို့သော် ယွင်ရှီးက အရင်အချိန်များကလို သူ့ရင်ခွင်ထဲ တိုးဝင်လာခြင်းမရှိပဲ လှိုဏ်ဂူအပေါက်နားမှာပဲရပ်နေကာ မျက်ခုံးတို့ကို တွန့်ချိုးလျှက် နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ဖေးယွီကို စူးစိုက်ကြည့်နေ၏။ ထို့နောက် ရေခဲတမျှအေးစက်နေသောလေသံဖြင့်

"မင်းပြောင်းလဲသွားတယ် ... မင်းကိုတစ်ယောက်ယောက်ပြောင်းလဲလိုက်တယ်"

The Devil's Love (Completed)Where stories live. Discover now