Chapter 19

1.4K 167 8
                                    

#Unicode

ဖေးယွီ၏ ရင်ခွင်ထဲသို့တိုးဝင်ကာ ယွင်ရှီးပြန်အိပ်စက်လိုက်သည်။ သူ့ဘေးက နတ်ဆိုးရဲ့ခန္ဓာက အေးစက်နေတယ်ဆိုပေမယ့် သူ့အတွက်တော့ နွေးထွေးနေသည်။ နောက်နေ့မနက်စောစော ဖေးယွီနိုးထလာသည့်အခါ သူ့ရင်ခွင်ထဲရောက်နေသည့် တစ်စုံတစ်ယောက်ကြောင့် မျက်ခုံးတို့တွန့်ချိုးမိသွားခဲ့သည်။ ဒီအိန်ဂျယ်က သူ့ရင်ခွင်ထဲ ဘယ်လိုရောက်နေရပြန်တာလဲ? ဖေးယွီသက်ပြင်းတွေလှိမ့်ချမိကာ စိတ်ရှုပ်နေတုန်းမှာ ရင်ခွင်ထဲက အိန်ဂျယ်သေးသေးလေးက လူးလွန့်လို့ နိုးလာခဲ့သည်။ ခေါင်းထောင်လာသည်နှင့် ဖေးယွီကို မျက်လုံးလေးတွေမှိတ်ကျသည့်အထိပြုံးပြကာ နှုတ်ခမ်းတို့ကိုထိကပ်လာသည့် အနမ်းတစ်ပွင့်ကြောင့် အသက်အောင့်ထားမိလိုက်သည်။ ဒီအိန်ဂျယ်က တကယ်ပဲ ဦးနှောက်ပျက်နေရှာပြီ ... မနက်စောစောစီးစီး ဒါက ဘာအနေအထားကြီးလဲ?

"သခင် ... စစ်သူကြီး ဝမ်မင်ရောက်နေပါတယ်"

"ဝင်ခိုင်းလိုက်"

ဖေးယွီက ဝမ်မင်ကို ဝင်ခွင့်ပြုပြီးနောက်တပြိုင်နက် သူ့ရင်ခွင်ထဲမှာ ကုတ်ကတ်တွယ်ဖက်နေသည့် လော့ယွင်ရှီးကို ဘေးသို့တွန်းထုတ်လိုက်သည်။ ဝမ်မင်အထဲသို့ရောက်လာသောအခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ပြုံးချင်စိတ်ကို မနည်းထိန်းလိုက်ရသည်။ ပြောမရပေ ... သူပြုံးမိလိုက်ရင် လော့ယွင်ရှီးအပေါ်ဒေါသထွက်နေသည့် သူ့သခင်ချန်ဖေးယွီရဲ့ ဒေါသတွေအကုန် သူစုပြုံကာ ခံရနိုင်သည်။ သူ့သခင်က လော့ယွင်ရှီးအပေါ်တွင်သာ အတော်အတန်ကိုပင် သည်းခံဖို့ကြိုးစားပေမယ့် သူ့တို့အပေါ်မှာဆို သည်းခံမည်မဟုတ်ပေ ... ထို့ကြောင့် မျက်နှာကိုတည်ငြိမ်နေအောင်ထားလိုက်ရသည်

"လာရင်းကိစ္စပြော"

အသံခပ်ပြတ်ပြတ်နှင့်ပြောလာသော သခင်ကြောင့် ဝမ်မင်က အနီးနားရှိစားပွဲသို့သွားကာ မြေပုံတစ်ချပ်ကို ဖြန့်ချလိုက်သည်။ ဖေးယွီလည်းကုတင်ပေါ်ကထကာ ထိုစားပွဲနားသွားမည်အပြု လက်လေးတစ်ဖက်က သူ့အကျီစကို တင်းတင်းကြပ်ကြပ်လာဆွဲထားလေသည်။ သူ့ကို မျက်နှာငယ်လေးနှင့် မော့ကြည့်နေသည့် လော့ယွင်ရှီးကို ခပ်တင်းတင်းစိုက်ကြည့်ပြီး ထိုလက်တို့ကို ဆွဲဖြုတ်ကာ စားပွဲနားသို့ သွားရပ်လိုက်သည်။

The Devil's Love (Completed)Where stories live. Discover now