Chapter 32

1.3K 153 13
                                    

#Unicode

ယွင်ရှီးကိုလှမ်းကြည့်လိုက်တော့ သူ့ကိုအဓိပ္ပါယ်ပါသောမျက်လုံးတို့နှင့်စိုက်ကြည့်နေပြီး ဖေးယွီရင်ထဲမှာလည်း ခံစားချက်မျိုးစုံခံစားနေရသည်။ ယွင်ရှီးနှုတ်ခမ်းထောင့်စွန်းတစ်ဖက်က အပေါ်သို့ မသိမသာလေးကွေးတက်သွားပြီး အပြုံးလေးတစ်ပွင့်ဖန်တီးလျက် ကလေးလေး အလိုရှိရာ ဆောင်ရွက်ပါစေဟူသော သဘောဖြင့် မျက်လုံးတို့ကို မှိတ်ချလိုက်သည်။

.

.

.

~~~~~~~The Devil's Love~~~~~~~

ချန်ဖေးယွီမရှိသည့်အခိုက် ကျန်းမင်နှင့်ဆက်သွယ်ကာ ကျားအော်ကို ကယ်တင်ရန် ယွင်ရှီးထွက်လာခဲ့သည်။ အဆင့်ဆင့်ကို ဖြတ်ကျော်ပြီး ကျားအော်ကို ဖမ်းချုပ်ထားရာနေရာသို့ရောက်သောအခါ မြင်လိုက်ရသော မြင်ကွင်းက ယွင်ရှီးနှလုံးအိမ်ကို အောင့်တက်သွားစေခဲ့သည်။ ပိန်ချုံးချိနဲ့ကာ အိန်ဂျယ်တစ်ယောက်၏ အသွင်အပြင်တို့ပါ ပျောက်ဆုံးနေရှာသော ကျားအော်

"ကျား ... ကျားအော်"

ယွင်ရှီးတိုးဖွဖွခေါ်သံကြောင့် မျက်ဝန်းတို့မှေးမှိတ်ထားသော ကျားအော် မျက်ဝန်းတို့ကို ခပ်ဖြေးဖြေးဖွင့်ကြည့်ရင်း သူ့အရှေ့မှာ ရပ်နေသော ယွင်ရှီးကို မြင်တဲ့အခါ မျက်ဝန်းတို့အဆမတန် ပြူးကျယ်သွားရသည်။

"ယွင်ရှီး .... လော့ယွင်ရှီး?"

"အွန်း"

"ဒီကို ဘယ်လို... ဘယ်လိုရောက်လာတာလဲ? ဘယ်လိုပဲရောက်လာ ရောက်လာ ချန်ဖေးယွီမလာခင် အမြန်ပြန်ထွက်သွားပါ ... အဲ့အကောင်က ဆိုးယုတ်လွန်းတဲ့သူပဲ ... မင်းကိုတွေ့ရင် အလွတ်ပေးမှာမဟုတ်ဖူး"

"ကျားအော် ... စိတ်အေးအေးထားပါ ... ငါ မင်းကို ကယ်ဖို့လာတာ"

"ဟင့်အင်း ... မင်းအမြန်ပြန်ထွက်သွားပါ ... ငါက ကယ်တင်လို့မရနိုင်တော့ဖူး ... ချန်ဖေးယွီလက်က လွတ်မှာမဟုတ်ဖူး ... မင်းသာအခုအမြန်ပြန်ထွက်သွားပါ ... ကောင်းကင်နန်းတော်မှာ ငါမရှိရင် မင်းတော့ရှိနေမှဖြစ်မှာ"

"အတူတူသွားမယ်လေ ... ငါက မင်းကိုကယ်တင်ဖို့ mission နဲ့သက်ဆင်းလာတာပါ ... အတူတူသွားကြမယ်နော် ... နော် ကျားအော်"

The Devil's Love (Completed)Where stories live. Discover now