Chapter 17

1.6K 189 4
                                    

#Unicode

"ခင်ဗျား ဘာလာလုပ်တာလဲ ... ခင်ဗျားကို ဘယ်သူက ဝင်ပါခိုင်းလို့လဲ?"

ဖေးယွီမေးမြန်းချက်ကို ယွင်ရှီးပြန်မဖြေပေ။ ဖေးယွီရဲ့ စိတ်အခြေအနေက မကောင်းသေးတာမို့ ဒီအချိန်မှာ သူဘာမှပြန်မပြောတာ အကောင်းဆုံးပဲ ... ဖေးယွီဘေးနားသွားကာ ဒဏ်ရာအခြေအနေတို့ကို ကြည့်လိုက်သည်။
"ဖေးယွီ ... မင်း အဆင်ပြေရဲ့လား? သူတို့က ဘယ်သူမို့ မင်းကိုထိခိုက်အောင် လုပ်နိုင်ရတာလဲ?"

"ခင်ဗျား ဒီကို ဘာလာလုပ်တာလဲလို့ မေးနေတယ်လေ"

"ဘာလာလုပ်တယ်ထင်လို့လဲ ...  ဖေးယွီအခုထင်နေတဲ့အတိုင်းပဲ ... ဘယ်သူတွေမို့ မင်းကို ဒီလောက်ထိခိုက်အောင် လုပ်နိုင်ရတာလဲ?"

ဖေးယွီက စိတ်မရှည်သလို ဖြေချင်သလို မဖြေချင်သလိုပုံစံဖြင့် ခွန်းတုံ့ပြန်လေသည်။

"အရင်က ကျွန်တော့နေရာမှာရှိတဲ့ ကျန်းမင်ဆိုတဲ့သူတစ်ယောက်ရှိတယ် ... သူတို့က ကျွန်တော့ကို ဖြုတ်ချပြီး နေရာပြန်ယူချင်နေတာ"

အင်းပေါ့ ငရဲဘုံမှာလဲ နေရာလုမှုတွေရှိနိုင်တာပဲ။ ဒါဆို ဖေးယွီမှာ အန္တရာယ်ရှိတာပေါ့ ... ဒါနဲ့ကျန်းမင်ဆိုတဲ့သူက ဘယ်လိုသူမျိုးလဲ သိချင်မိတယ် ... ကျားအော်ကိုကယ်ဖို့များ အသုံးချဖို့ရနိုင်လေမလား

"လျှောက်မတွေးနေနဲ့ မဖြစ်နိုင်ဖူး"

"အမ် ... ဘာ .. ဘာတွေးနေမိလို့လဲ"

"ခင်ဗျားရဲ့ကျားအော်ကို ကယ်ဖို့ သူ့ကိုအသုံးချလို့ရမလားတွေးနေတာမလား .... သူ့နားကို သွားဖို့ စိတ်မကူးနေနဲ့ ... သူတို့က အန္တရာယ်များတယ်"

"မင်းလောက်တော့ အန္တရာယ်များပါ့မလား"

"ခင်ဗျား .... "

ယွင်ရှီးဖေးယွီကို စလိုက်မိသည်။ စိတ်တိုပြီး ဒေါသထွက်သွားပုံလေးက ချစ်စရာပင် ... ခုနက ဖေးယွီက သူ့အတွက် စိတ်ပူပေးလိုက်တာမလား ... ဖေးယွီကိုယ်တိုင် သတိထားမိချင်မှ ထားမိမယ်ဆိုပေမယ့် အဲ့ဒါက သူ့ကို ပျော်ရွှင်စေတယ်

"ဘာလို့ရယ်နေတာလဲ ... ရယ်စရာတော်တော်ကောင်းနေလား"

"....."

The Devil's Love (Completed)Where stories live. Discover now