Chapter 23

1.3K 176 6
                                    

#Unicode

ဖေးယွီလဲသူ့ကိုယ်သူပြန်ထိန်းလိုက်ပြီး အခြေအနေကိုထိန်းရန်ကြိုးစားလိုက်သည်။ ထို့နောက် ကျားအော်အခြေအနေကိုစစ်ဆေးရန် လီကျင်းရှိရာ မြေအောက်ခန်းသို့ သွားလိုက်၏။

ဖေးယွီရောက်လာသည်နှင့် လီကျင်းက ဖေးယွီကိုပြေးဖက်ကာ ငိုယိုပြီး တောင်းပန်ချေသည်။ ဖေးယွီလဲ ထိုအမျိုးသမီးက ဘုရင့်သမီးတော်ဖြစ်နေတာကြောင့် အလိုက်သင့်ပြန်လည်ပွေ့ဖက်ပေးထားလိုက်သည်။ လီကျင်းက ဖေးယွီကိုဖက်ထားရင်းမှ ဖေးယွီကျောပြင်ကို သူမလက်များနှင့် ပွတ်သတ်ကာနေသည်။

နာကျင်မှု ... စူးစူးရှရှပြင်းပြစွာနာကျင်မှု

နာကျင်မှုကို ဖေးယွီအတောင်ပံများရှိရာနေရာမှ ခံစားလိုက်ရသဖြင့် လီကျင်းကိုတွန်းထုတ်ပစ်လိုက်သည်။

"ဖေးယွီ ဘာ...ဘာဖြစ်လို့လဲ"

ရုတ်တရက်တွန်းထုတ်ခံလိုက်ရသဖြင့် လီကျင်းမှာ သူမဘာအမှားလုပ်မိလိုက်လဲ မတွေးတတ်ပေ။ ဖေးယွီက လီကျင်းကို ပြန်မဖြေအားပဲ ခေါင်းရမ်းပြလိုက်ကာ ကျောနေရာမှ စူးအောင့်နေသည့် နာကျင်မှုကို အဖြေထုတ်ရန်စဉ်းစားနေချေ၏။ အတောင်ပံ ... ဟုတ်တယ် ... သူ့အတောင်ပံတွေကို အခုသိမ်းထားတယ်ဆိုပေမယ့် နာကျင်နေတာက အဲ့အတောင်ပံတွေရှိတဲ့နေရာက ... ဒါ ... ဒါဆို လော့ယွင်ရှီး သူ့အပေါ်ချထားတဲ့ ကျိန်စာတစ်ခုပဲလား? အဲ့နေရာကို တခြားတစ်ယောက်ယောက် ထိတွေ့မိတိုင်းမှာ ဒီလိုနာကျင်မှုကို ခံစားရမည့်ပုံပင်

"ဖေးးးယွီ?"

အချိန်အတော်ကြာမှ နာကျင်မှုက တဖြေးဖြေးပျောက်ကွယ်သွားချေသည်။

"ဖေးယွီ ..."

"အဲ့ဒါတွေလုပ်ဖို့ ကိုယ်စိတ်မပါသေးဖူး ... ကျားအော်အခြေအနေဘယ်လိုရှိလဲ"

လီကျင်းမျက်ခုံးတို့တွန့်ချိုးသွားသည်။

"ခုနကတောင် အတူတူအချိန်ကုန်ဆုံးဖို့စိတ်ပါနေတာလေ ... ချက်ချင်းဘာဖြစ်သွားတာလဲ? ဘာတွေဖြစ်နေတာလဲ ချန်ဖေးယွီ ... ဖေးယွီသာ ရုတ်တရက် တို့ကို တွန်းမထုတ်လိုက်ရင် ဖေးယွီကိုခံစားလို့ကောင်းအောင် တို့လုပ်ပေးနိုင်တာကို "

The Devil's Love (Completed)Where stories live. Discover now