Chapter 14 🛑

2.3K 208 8
                                    

#Unicode

Warning ...

ယွင်ရှီးကို တရွတ်တိုက်ဆွဲရင်း Black Castle ထဲကို ဖေးယွီ ခြေလှမ်းကြဲများနှင့် လှမ်းဝင်လိုက်သည်။ ထို့နောက် ဖေးယွီအခန်းထဲသို့ဝင်ကာ တံခါးကို အလုံပိတ်လိုက်သည်။ ပြီးနောက် ယွင်ရှီးကို ကုတင်ပေါ်သို့ အရှိန်နှင့် ပစ်တင်လိုက်သည်။ ယွင်ရှီး ဖေးယွီကို ကြည့်လိုက်တော့ အနီရောင်တောက်တောက်မျက်ဝန်းများနှင့် နှုတ်ခမ်းတစ်ဖက်ကို ခပ်ရွဲ့ရွဲ့ပင့်ကာပြုံးနေသည်မှာ ဒေါသအလွန်အမင်းထွက်နေပုံပင် ... ယွင်ရှီးကျောရိုးတစ်လျှောက် အေးစိမ့်သွားရသည်။

"ခင်ဗျားကို စားပြီးရင် အခန်းထဲပြန်နေလို့ မပြောခဲ့ဖူးလား
ကျွန်တော့်ကာကွယ်မှုအောက်မှာနေမယ်ဆို ကျွန်တော့်စကားကိုနားထောင်လေ
သေချင်နေလို့ ငရဲနက်ဂူဆီရောက်နေတာလား? ဟမ်
အဲ့လောက်တောင် သေချင်နေလား?"

"......."

ဖေးယွီအသံက ဒေါသသံတွေပါနေပြီး အလွန်အမင်းပေါက်ကွဲပစ်ချင်နေပုံပေါ်သည်။ ယွင်ရှီးမှာ အမှားလုပ်ထားသူမို့ စကားတို့မဆိုရဲပဲ ဖေးယွီကို မျက်ရည်ရွှဲနေသော မျက်လုံးဝိုင်းကြီးတွေနှင့်သာ မော့ကြည့်နေမိသည်။ ဖေးယွီက သူ့ကို ခင်ဗျားလို့ပြောတယ် ... ဒါကသူ့နှလုံးအိမ်ကို စူးအောင့်စေတယ်။

ဖေးယွီက တဖြေးဖြေးအနားကပ်လာတော့ ဖေးယွီရဲ့အရိပ်က ယွင်ရှီးကို အုပ်မိုးလာသည်။ ဖေးယွီ၏အကြည့်တွေက ယွင်ရှီးကို ပြာချပစ်လိုသည့်အလား ... ဖေးယွီပုံစံကိုကြည့်ပြီး ယွင်ရှီးအသက်ရှုရခက်လာသည်။

"ခင်ဗျားအဲ့လောက်တောင် သေချင်နေလဲ ကျွန်တော်က သေအောင်ထိလုပ်ပေးမယ်"

ဖေးယွီက ယွင်ရှီးကို ငုံကြည့်ရင်းပြုံးသည်။ ထိုအပြုံးက အမှန်တကယ်ကိုပင် မကောင်းဆိုးဝါးဆန်လေသည်။ ရုတ်တရက် ယွင်ရှီးလက်နှစ်ဖက်ကို ယွင်ရှီးခေါင်းအထက်နားတွင်စုကိုင်ကာ ဖမ်းချုပ်လိုက်သည်။ ထို့နောက် ယွင်ရှီး၏ နီထွေးထွေးနှုတ်ခမ်းဖူးဖူးတစ်စုံကို ငုံကာ စုပ်ယူနမ်းရှိုက်လေသည်။ အနမ်းတို့က ညင်သာမှုစိုးစင်းမျှမရှိ ... နမ်းနေသည်ထက် ကိုက်ခဲနေသည်နှင့် ပိုတူချေသည်။ အတော်ကြာငုံစုပ်ကိုက်ခဲပြီးနောက် ယွင်ရှီးခံတွင်းထဲသို့ရောက်အောင် လျှာကိုထိုးထည့်လိုက်ပြီး ခံတွင်းထဲနေရာလပ်မကျန်အောင် ထိုးမွှေစုပ်ယူလေပြန်သည်။ အာခံတွင်းထဲစိတ်ကြိုက်ခြယ်လှယ်ပြီး ယွင်ရှီးအသက်ရှုမဝဖြစ်လာချိန်မှ လွှတ်ပေးလိုက်ကာ ဖေးယွီရဲ့လက်တွေက ယွင်ရှီးအကျီအောက်ထဲလျိုဝင်လာပြန်သည်။ ဝမ်းဗိုက်တပြင်ကို ကြမ်းတမ်းစွာပွတ်သတ်လာတာကြောင့် ယွင်ရှီးရုန်းချင်သော်လည်း ရုန်းမရ... ဖေးယွီက ဒေါသထွက်နေချိန်မို့ အားသန်နေလွန်းလှသည်။ တဖြေးဖြေးနှင့် ရင်ဘတ်အပေါ်ပိုင်းစီက အဖုလေး ၂ဖုကို တလှည့်စီ ဖိချေလာတာမို့ ယွင်ရှီးတစ်ကိုယ်လုံးတုန်တက်ကာ ကြက်သီးမွှေးညင်းများထလာတော့သည်။

The Devil's Love (Completed)Where stories live. Discover now