Chapter 28

1.4K 163 14
                                    

#Unicode

အစစအရာရာ သူ့နေရာနှင့်သူ နေသားတကျရှိနေပြီးသားဘဝထဲကို လော့ယွင်ရှီး ဝင်ရောက်လာမှ ရှုပ်ရှက်ခက်ကုန်ရသည်။ ​ဖေးယွီ လော့ယွင်ရှီးကို တွန်းထုတ်သော်လည်း ခေါင်းမာလှသော အိန်ဂျယ်လေးက လက်မခံပေ... ပို၍ပင် တင်းတင်းကျပ်ကျပ်ပွေ့ပိုက်ထားလေသည်

လော့ယွင်ရှီးက ဖေးယွီနားရွက်နားကပ်ကာ Healing Song ကို တိုးဖွဖွဆိုနေသည်။ ယွင်ရှီးအသံက ဖေးယွီစိတ်တို့ကို တည်ငြိမ်သွားစေပြီး ယွင်ရှီးရင်ခွင်ထဲမှာပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေခဲ့သည်။ 

ဖေးယွီမျက်လုံးတို့ကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ နိုးလာချေသည်။ မျက်လုံးတို့ဖွင့်ဖွင့်ခြင်း ပထမဆုံးမြင်ရသည်က ကျောက်စိမ်းရောင် ​ မျက်လုံးကြည်ကြည်တောက်တောက်လေးတွေထဲမှာ  စိုးရိမ်စိတ်အပြည့်ဖြင့် သူ့ကို ငုံ့မိုးကာကြည့်နေသည့် လော့ယွင်ရှီးရယ်... မျက်လုံးတို့ကို ဟိုဒီကစားကြည့်လိုက်တော့ ​လော့ယွင်ရှီးအနောက်နားမှာရပ်နေသည့် မျှော်လင့်ခြင်းကမ်းပါးအရှင်သခင် စုန့်ဝေလုံရယ်...

"ကလေး နိူးလာပြီလား? ကလေးစားလို့ရအောင် ကိုကိုတစ်ခုခုသွားလုပ်ပေးမယ်နော်"

ထို့​နောက် ယွင်ရှီးက အခန်းထဲမှ အလျင်အမြန်ထွက်ခွာသွားခဲ့သည်။ စုန့်ဝေလုံက ဖေးယွီကို ဘာဆက်လုပ်မှာလဲဆိုသည့် အကြည့်နှင့် လှမ်းကြည့်လေသည်။

"ငါသူ့ကို လိုအပ်တယ်...ငါ့ဘေးနားမှာ သူရှိဖို့လိုအပ်တယ်... သူ့ mission နဲ့ပတ်သတ်ပြီး ကူညီပေးနိုင်တယ်... ဒါပေမယ့်... "

"နောက်ဆုံးကျရင် အရှင်လော့ယွင်ရှီးကို သစ္စာဖောက်မှာပဲမဟုတ်လား? အယုံသွင်းထားပြီးတော့....မင်းဟာ တကယ်မကောင်းတဲ့သူပဲ ချန်ဖေးယွီ"

"ဟက်....ကိုယ့်ကိစ္စမဟုတ်ရင် ဝင်မပါပါနဲ့... ငါ့လမ်းမှာ လာရှုပ်ရင် မင်းကိုရှင်းပစ်ဖို့ ဝန်လေးနေမှာမဟုတ်ဖူး"

"အဆုံးသတ်မှာ မင်း နောင်တရမှာ မြင်ယောင်နေလို့ ပြောနေတာ... အရှင်လော့ယွင်ရှီးကို မချစ်မိဖို့ မင်းကိုယ်မင်းထိန်းနိုင်မှာမဟုတ်ဖူး...လီကျင်းရဲ့ကျိန်စာကြောင့် မင်းအရှင့်ကိုချစ်လာလေလေ... မင်းပိုပြီးနာကျင်ခံစားရလာလေလေဖြစ်လာမှာ...အခုချိန်ပြင်ဆင်ရင်မှီသေးတယ်...ကြာရင် အဲ့အရာကပဲ မင်းရဲ့အဆုံးသတ်ကို ဖြစ်စေမှာ... ဒါပေမယ့် မင်းရပ်တန့်လို့ရမှာမဟုတ်ဖူး... အရှင့်ကို မင်းမချစ်ပဲ မနေနိုင်ဖူး ချန်ဖေးယွီ"

The Devil's Love (Completed)Where stories live. Discover now