Chapter 3

2.2K 256 4
                                    

#Unicode

"ကဲ နတ်ဆိုးငယ်လေး အိမ်ပြန်ချိန်ရောက်ပြီ... နတ်ဆိုးတိုင်းပြည်က ကြိုဆိုပါတယ်... အဟက်"

လှောင်ပြောင်မှုရောယှက်နေသော ခြောက်ကပ်ကပ်ရယ်သံကို ပြုပြီးနောက် ခြေရင်းနားတွင် ပုံလျက်သားကျနေသည့် ခုမှလောလောလတ်လတ်နတ်ဆိုးအဖြစ်သို့ ကူးပြောင်းသက်ဆင်းစေခြင်းခံထားရသော မိန်းကလေးကို ကြည့်ရင်း ချန်ဖေးယွီပြောလိုက်သည်။ နှုတ်ခမ်းမှာတော့ လှောင်ပြုံးပါးပါးကို ချိတ်ဆွဲလျက်ပေါ့....လွယ်ကူလွန်းနေတယ်..ကမ္ဘာကြီးကို ကယ်တင်မယ် လူသားတွေကို စောင့်ရှောက်မယ်ကြွေးကြော်နေတဲ့ အိန်ဂျယ်တွေကို ဖျက်ဆီးရတာ လွယ်ကူလွန်းနေတော့ သိပ်ပျော်စရာသိပ်မကောင်းတော့သလိုပဲ...

ပျော်စရာလေးတွေရှာဖွေချင်နေတဲ့ ချန်ဖေးယွီအတွက် ဒီအခြေအနေက စိတ်ပျက်ဖွယ်ကောင်းနေခဲ့သည်။ ဒီကိစ္စပြီးတာနဲ့ အိန်ဂျယ်ကျားအော်စီသွားပြီး အပျင်းပြေ ရန်စရဦးမည်ဟု တေးမှတ်ထားလိုက်သည်။ ထိုသူကို fallen ဖြစ်စေလိုက်လို့ရသော်လည်း မလုပ်ချင်။ မသေမရှင်​အခြေအနေမှာထားပြီး ဖြေးဖြေးချင်းနှိပ်စက်သွားမည်။

ချန်ဖေးယွီက ခြေရင်းရှိ နတ်ဆိုး အဖြစ်သို့ ကူးပြောင်းခြင်းခံထားရသည့်  မိန်းကလေး၏ ဆံပင်ကို အားဖြင့် ဆောင့်ဆွဲကာ ထရပ်စေလိုက်ပြီးနောက် လက်ဖြောက်တစ်ချက်တီးလိုက်သည်နှင့် အခိုးအငွေ့များပေါ်ထွက်လာကာ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်...နတ်ဆိုးဘုရင်နန်းစံရာ နတ်ဆိုး မြို့တော်သို့ ရောက်သည့်အခါ ငရဲနက်ဂူသို့သွားပြီး သူမကို အလုံပိတ်အခန်းငယ်တစ်ခုထဲ အရှိန်ဖြင့်ကိုင်ပေါက်ကာ ပစ်သွင်းလိုက်သည်... ထိုမိန်းကလေးမှာ နာကျင်မှုကြောင့် အသံပင်မထွက်နိုင်တော့ပဲ အခန်းထောင့်တွင် သဲအိတ်တစ်အိတ်ပုံထားသည့်နှယ် ငြိမ်သက်စွာရှိနေသည်

နတ်ဆိုးစစ်စစ်တစ်ယောက်ဖြစ်လာစေဖို့ သူမကို လေ့ကျင့်ပေးဖို့ လိုအပ်​နေသေးသည်...အိန်ဂျယ်ကနေ အတင်းအကြပ် ကူးပြောင်းချင်းခံထားရသူမို့ အလိုအလျောက် ကိုယ်ပိုင်သဘောဆန္ဒ​ဖြင့် ချန်ဖေးယွီခြေရင်း ခစားကြသူများကဲ့သို့မဟုတ်ပဲ သူမမှာ ကောင်းခြင်းအငွေ့အသက်တွေ ကျန်ရှိနေသေးသည်... လေ့ကျင့်ပေးရန်တာဝန်ကို ငရဲနက်ဂူကြီးကြပ်သူအမျိုးသမီးကို တာဝန်ပေးအပ်လိုက်သည်

The Devil's Love (Completed)Where stories live. Discover now