Chapter 34

1.4K 161 7
                                    

#Unicode

အချိန်ကာလတို့ကုန်လွန် လွန်မြောက်လာပြီးနောက် တရုတ်ရိုးရာချစ်သူများနေ့ပွဲတော်နေ့သို့ တဖန်ပြန်လည်ရောက်ရှိလာခဲ့ပြန်ပြီ။ ဒဏ္ဍာရီလာပြောစကားများအရ ငယ်ရွယ်နုပျိုသော နတ်သမီးရက်ကန်းမယ်လေးနှင့် လူသားနွားကျောင်းသားလေးတို့ ချစ်ကျွမ်းဝင်ကြပြီး လူ့ပြည်၌ပေါင်းသင်းနေထိုင်ကြကာ အချိန်ကာလကြာလာသောအခါ ရတနာ၂ဦး ထွန်းကားလာခဲ့သည်။ မိသားစုအတူတူပျော်ရွှင်စွာနေထိုင်ခဲ့ကြပေမယ့် သူတို့ပျော်ရွှင်တဲ့ဘဝလေးမှ မိုးမှောင်ကျမယ့် ကာလ ရောက်လို့လာခဲ့သည်။ ယက်ကန်းသမ နတ်သမီးလေးက နွားကျောင်းသား နဲ့အတူ မိသားစုဘဝ ထူထောင်နေတယ် ဆိုသည့် သတင်းက သိကြားမင်းကြီးဆီကို ရောက်သွားခဲ့သည်။ သိကြားမင်းကြီး အရမ်းစိတ်ဆိုးပြီး မယ်တော်ကြီးကို စေလွှတ်ကာ သမီးတော်ကို ဖမ်းခေါ်လာစေခဲ့သည်။ လူသားလုလင်လေးက ကလေး၂ယောက်ကို ခြင်းတောင်းထဲသို့ထည့်ပြီး ပခုံး၂ဖက်ဖြင့်သယ်ကာ နတ်သမီးလေးနောက်သို့ လိုက်လာခဲ့သော်လည်း မီလုမီခင်အခြေအနေမှာ မယ်တော်ကြီးက ဆံပင်တွင်ထိုးထားသော ရွှေဆံထိုးကိုလှမ်းယူပြီး အမှီလိုက်လာတဲ့ နွားကျောင်းသားတို့ သားအဖကို ဆက်မလိုက်လာနိုင်စေဖို့ တန်ခိုးနဲ့ ရွှေဆံထိုးကို ဝေ့ယမ်း လိုက်သည့်အခါ လိုင်းလုံးပြင်းထန်တဲ့ ကောင်းကင်မြစ်ပြင်ကြီး တစ်ခု ဖြစ်သွားပြီး နွားကျောင်းသားတို့ ဇနီးမောင်နှံကို တစ်ယောက် တစ်ဖက်ကမ်းမှာ ဝေးကွာစေခဲ့တယ်။ မြစ်ကြီးဘေးမှာ တစ်ဖက်နဲ့တစ်ဖက်ကြည့်ကာ ငိုကြတော့ ငိုသံတွေက သိကြားမင်းကြီး ရင်ကို ထိသွားစေခဲ့သည်။ ဒါကြောင့် သံမန်တော် စေလွှတ်ပြီး နွားကျောင်းသား မိသားစုကို ၇ ရက် ၁ ကြိမ် တွေ့ ခွင့် ပေးစေသည်။ ဒါပေမယ့် သံမန်တော်ဖြစ်တဲ့ ငှက်ကလေးဟာ နှစ်စဉ် ၇ လပိုင်း ၇ ရက်နေ့မှာ တစ်ကြိမ် တွေ့ခွင့်ပေးစေ ဆိုပြီး စကားမှား ခွင့်ပြုမိန့် ပေးခဲ့မိသည်။ အဲဒီ အမှားမိန့် ပေးမိတဲ့ အပြစ်ကြွေးကို ပြန်ဆပ်တဲ့ အနေနဲ့ ၇ လပိုင်း ၇ ရက်နေ့ ရောက်တိုင်း ကောင်းကင်ပြင်ကို တက်ကာ တံတားတစ်စင်းအဖြစ် လုပ်ပေးပြီး နွားကျောင်းသား တို့ မိသားစုကို မြစ်ကြီးဖြတ်ကျော် တွေ့ဆုံစေခဲ့သည်။ နှစ်စဉ် ဒီလိုအချိန်ရောက်မှ မိသားစု ဆုံတွေ့ခွင့်ရတဲ့အတွက် အောက်မေ့လွမ်းဆွတ်မှုတွေ မမြိုသိပ်နိုင်ဘဲ ဝမ်းနည်းစွာ ငိုကြွေးကြတော့ အဲဒီနေ့မှာဆို ကောင်းကင်ပြင်ကနေ အမြဲ လိုလို မိုးဖွားလေး ရွာသွန်းလေ့ ရှိသည်။

The Devil's Love (Completed)Where stories live. Discover now