Extra 2

1K 96 8
                                    

#Unicode

မီးပုံးနီနီလေးတွေ

ချန်ဖေးယွီ မျက်လုံး ဖွင့်ဖွင့်ချင်း မြင်လိုက်ရတာ

သလင်းဖြူနန်းဆောင်ဝန်းအနှံ့ ချိတ်ဆွဲထားတဲ့ မီးပုံးနီလေးတွေ

ပြီးတော့ နန်းဆောင်အလယ် မြက်ခင်းပြင်ပေါ်မှာချထားတဲ့ ကျောက်စိမ်းဖြူ စားပွဲဝိုင်းတစ်ခု

စားပွဲပေါ်မှာ အဖျော်ယမကာနဲ့ စားစရာသောက်စရာတွေ စုံပလုံစိလို့... အားလုံးက ချန်ဖေးယွီအကြိုက် ဟင်းအမယ်တွေပဲ

စားပွဲဘေးနားက ခုံပေါ်မှာ ဗျပ်စောင်းတစ်ခုကိုလည်း တင်ထားသေးရဲ့

"ဒါတွေက ဒါတွေက"

ချန်ဖေးယွီ ဘာဆက်ပြောလို့ ပြောရမယ်မှန်းမသိ... စကားလုံးတို့ဟာ လည်ချောင်းဝနားမှာ တစ်ဆို့ပျောက်ကွယ်သွားရတယ်။ ဘာစကားမှကို မဆိုနိုင်။ အံ့သြတကြီး လော်ယွင်ရှီး ရှိရာဘက်ကို လှမ်းကြည့်တော့ အကြည့်ဆုံးအဆုံမခံပဲ မျက်လွှာချ ခေါင်းငုံ့ထားတဲ့ အိန်ဂျယ်ကိုကို

ချန်ဖေးယွီ ရင်ဘတ်တစ်နေရာကို မီးစနဲ့ ထိုးလိုပ်သလို စူးအောင့်သွားတယ်။ ကိုကိုက ဒါတွေပြင်ဆင်နေလို့ သူ့ကို တစ်နေကုန် မောင်းထုတ်ထားခဲ့တာလား?

"တောင်းပန်ပါတယ် ကိုကိုက ကိုကိုက အမှတ်တရနေ့ရက်လေးမှာ ကလေးကို အံ့သြသွားစေချင်လို့ အသိမပေးပဲ လုပ်လိုက်တာ...တကယ်တောင်းပန်ပါတယ်"

အမှတ်တရနေ့ရက်...

ကိုကိုက အခု အမှတ်တရနေ့ရက်လို့ ပြောလိုက်တာ... ဘာနေ့မို့လို့လဲ ဒီနေ့က?

ချန်ဖေးယွီ ဦးနှောက်ကို အမြန်ပင် အလုပ်ပေးရတော့တယ်။

တွေးစမ်း... ဒီနေ့က ဘာနေ့လဲ

ဘာအတွက်အမှတ်တရနေ့လဲ?

ခုချိန်ထိ မျက်လွှာချကာ ခေါင်းငုံ့ထားဆဲဖြစ်သော ကိုကို့ကိုကြည့်ရင်း နှုတ်ခမ်းတို့ကာ ခပ်နာနာဖိကိုက်မိတော့တယ်။ တော်လွန်း ထက်လွန်းလှပါတယ်ဆိုတဲ့ ချန်ဖေးယွီ... အရေးအကြောင်းဆို ဦးနှောက်က သုံးစားလို့မရတာကြောင့် ချော်ရည်ပူအိုးထဲသာ ခေါင်းကို နှစ်ထားလိုက်ချင်မိတော့တယ်

The Devil's Love (Completed)Where stories live. Discover now