Chapter 9

1.8K 249 9
                                    

#Unicode

မွန်းကျပ်လာသောစိတ်နှင့် ပူလောင်နွမ်းလျလာသော ကိုယ်ခန္ဓာကြောင့် ယွင်ရှီးထပ်မံ၍ သတိလစ်မေ့မျောခြင်းဖြစ်ခဲ့ရပြန်သည်။ သူ့အရှေ့မှာ ထပ်မံမေ့မျောသွားရှာသော ယွင်ရှီးကို ကြည့်ပြီး ချန်ဖေးယွီမျက်မှောင်ကျုံ့မိရသည်။ ကောင်းကင်ဘုံရဲ့ ထိပ်သီး ၃ယောက်ထဲက စွမ်းအားကြီးလှပါတယ်ဆိုသော လော်ယွင်ရှီးက ဒီလောက်ပဲပျော့ညံ့ရတာလား? ဒါကသူ့ကို စိတ်ပျက်စေတယ်။ တဖက်က အားနည်းပြနေရင် ပျော်စရာမကောင်းတော့ဖူး ... .ဒီတစ်ခါတော့ ပျော်စရာ အသစ်အဆန်းလေးတွေ ကြုံရတော့မယ်လို့ တွေးထားတာကို.... စိတ်ပျက်စွာဖြင့် နက်နက်မှောင်မှောင်ဆံနွယ်တို့ကို ထိုးဖွပြီး ကုတင်ဘေးကခုံမှာ စိတ်ပျက်လက်ပျက် ထိုင်ချမိသည်။

အချိန်အတော်ကြာပြီးနောက် ယွင်ရှီးဆတ်ခနဲလန့်နိုးသွားပြီး မျက်လုံးတွေကိုဖွင့်လိုက်သည်။ နာကျင်နေမှုကြောင့် ရုတ်တရက်မထနိုင်သေး...အာရုံတွေက ဝေဝါးလို့နေသည်။ ဘာတွေဖြစ်သွားတာလဲ မှတ်မိဖို့ အချိန်ခဏယူလိုက်ရသည်။ သူ့ကို ဟိုနတ်ဆိုးက သူ့ရဲ့သွေးကို သောက်ခိုင်းတယ်...နောက်တော့သူတကိုယ်လုံး ပူလောင်လာပြီး..တဖြေးဖြေးပြောင်းလဲသွားတယ်... ဒါဆို ...ဒါဆို သူကအခု....

အထိတ်တလန့်နဲ့ပင် ယွင်ရှီးထထိုင်လိုက်သည်။  ပုခုံးရှေ့ဘက်ကို ဖြာကျနေသော ဆံနွယ်တို့ကို ကိုင်ကာကြည့်မိသည်။ နက်မှောင်တောက်ပနေသော ဆံနွယ်တွေက သူ့ကိုလှောင်ပြောင်နေသယောင်ပင်၊  သူ့ရွှေရောင်ဆံနွယ်တွေ... မရှိ... မရှိတော့ဖူးပဲ

ဝမ်းနည်းထိတ်လန့်မှုကြောင့် တကိုယ်လုံးချွေးစေးတွေထွက်လာကာ တဆတ်ဆတ်တုန်ယင်လာတော့သည်။ သူက ... သူက အခုသန့်စင်မြတ်တဲ့သွေးတို့သာ စီးဆင်းနေတဲ့ ​မြင့်မြတ်ခြင်းကိုယ်စားပြု လော်ယွင်ရှီးမဟုတ်တော့ဖူးပေါ့ ... ဟို ဆိုးယုတ်လှသောနတ်ဆိုးရဲ့ သွေးတို့ရောနှောသွားတဲ့ ​နတ်ဆိုးသွေးရောယှက်နေသူ သွေးနှောတစ်ယောက် ဖြစ်သွားပြီပေါ့...

စိတ်ငြိမ်အောင်ခနမျက်လုံးတို့ကိုမှိတ်ထားလိုက်ပြီးမှ တဖက်ချင်းဖြေးဖြေးပြန်ဖွင့်ကာ ဘေးဘက်ကို စောင်းငဲ့ကြည့်လိုက်သည်။ ကုတင်ဘေးရှိခုံမှာထိုင်ကာ သူ့ဖြစ်ပျက်နေပုံကို အရသာခံစိုက်ကြည့်ပြီး အားရကျေနပ်စွာပြုံးနေသည့် ချန်ဖေးယွီ မည်သော နတ်ဆိုးစုတ်

The Devil's Love (Completed)Where stories live. Discover now