Chapter 35

1.4K 143 5
                                    

#Unicode

ငိုခဲ့ရပါများလို့ မျက်ရည်တွေတောင် ခမ်းခြောက်လုနီးပါး ဖြစ်ခဲ့ပြီ
နောက်ထပ် ... နောက်ထပ် ... ထပ်ငိုကြွေးဖို့ အင်အားတို့ ကင်းမဲ့ခဲ့ရပြီ
ကိုကို့ကို လွမ်းဆွတ်တမ်းတခြင်းတို့က နေ့တစ်နေ့တာဖြတ်သန်းမှုရဲ့ အစိတ်အပိုင်းတစ်ခုလိုကိုဖြစ်နေခဲ့ပြီ
တစ်ချိန်ချိန်မှာ ပြန်ဆုံကြမယ်လို့ ယုံကြည်တယ်
ခံစားချက်မရှိတဲ့ ကျွန်တော့်ကို ချစ်တတ် ... လွမ်းတတ်လာအောင် သင်ပေးခဲ့တာက ကိုကိုမို့
တာဝန်ယူဖို့ ဘေးနားကို ပြန်လာခဲ့သင့်တယ်မလား?
ကောင်းကင်နန်းတော်ကို တက်ပြီး မီးမြှိုက်ပစ်ချင်စိတ်ကို ကိုကိုကြိုက်မှာမဟုတ်ဖူးဆိုတဲ့စိတ်နဲ့ ထိန်းထားခဲ့တယ်
လူသားတို့နေထိုင်ရာ ကမ္ဘာမြေပြင်ကို ဖျက်ဆီးပစ်ချင်တဲ့စိတ်ကို ကိုကိုက ထိုလူသားတွေကို ကာကွယ်ချင်တယ်ဆိုတဲ့ အသိစိတ်နဲ့ ကျွန်တော် ထိန်းထားခဲ့တယ်
ကိုကိုသာ ပြန်မလာဖူးဆို အရာအားလုံးကို ကျွန်တော် ဖျက်ဆီးပစ်လိုက်တော့မှာ
အဲ့ဒါကြောင့် ကျွန်တော် ဆိုးယှတ်လွန်းတဲ့အရာတွေ မလုပ်မိခင် မြန်မြန်ပြန်လာသင့်ပြီ ...
.
.
.
~~~~~~~The Devil's Love~~~~~~~

"အရှင် စုန့်ဝေလုံ"

မျှော်လင့်ခြင်းကမ်းပါးသခင် အရှင်စုန့်ဝေလုံက သူ့ရှေ့မှာ တည်ငြိမ်ချင်သယောင်ဆောင်ထားသော်လည်း ပူပန်စိတ်လှုပ်ရှားနေမှုကို မျက်ဝန်းတို့ထဲမှာ တွေ့မြင်နေရသည့် ခန့်ညားချောမောသော မြင့်မားသည့်အရပ်နှင့် ကောင်ငယ်လေးကို ကြည့်လိုက်သည်။

ကောင်ငယ်လေး .... ဟုတ်သည် ... ချန်ဖေးယွီဆိုသူက အင်အားကြီးလွန်းသူတစ်ယောက်ဖြစ်ပေမယ့် သက်တမ်းအရရော ဝါအရရောဆို သူက ထိုကောင်လေးထက် အများကြီး ကြီးရင့်တယ်လေ ... ဒါကြောင့်မို့လည်း ထိုကောင်ငယ်လေးက ဖုံးကွယ်ထားတဲ့ ခံစားချက်တွေကို သူမြင်တွေ့ရတာပေါ့ ...

စိတ်ဝင်စားစရာပဲ ... သူ ပျင်းပျင်းရိရိနဲ့ မျှော်လင့်ခြင်းကမ်းပါးသခင်လုပ်နေခဲ့တာ ကြာခဲ့ပြီလေ ... ခုလိုစိတ်ဝင်စားစရာကိစ္စလေးတွေရှိလာတာ မသိသလိုနေလိုက်ရင် သူမိုက်မဲရာကျသွားမှာပေါ ... ဆိုးယုတ်သောနတ်ဆိုးနဲ့ ဖြူစင်ခြင်းကိုယ်စားပြု အိန်ဂျယ် ..... အဟား ... ဒီဇာတ်လမ်းလောက် စိတ်ဝင်စားစရာကောင်းတာ ရှိဦးမလား? ... ပြီးတော့ အရှင်လော့ယွင်ရှီး ... ထိုသူက သူ့အပေါ်ကူညီပေးခဲ့ဖူးတာရှိတာမို့  အန္တရာယ်နည်းနည်းများပေမယ့် သူတစ်ကြိမ်လောက်တော့ ထိုသူ့အကျိုးအတွက် ပြန်ကူညီပေးနိုင်ပါတယ် ... နောက်တော့ ချန်ဖေးယွီ ... ဒီကောင်လေးက ဆိုးယုတ်လှတယ်ဆိုပေမယ့် သနားစရာကောင်းတဲ့လူငယ်လေးမို့ သူကူညီပေးနိုင်ပါတယ်

The Devil's Love (Completed)Where stories live. Discover now