Chapter 5

2K 258 2
                                    

#Unicode

"........"

အဆိုပါနတ်ဆိုးဆီက မည်သည့်တုန့်ပြန်မှုမှ မရတာကြောင့် မျက်လွှာလေးကိုချရင်း လေသံတိုးတိုးဖြင့် ထပ်တောင်းဆိုလိုက်သည်။

"အခုလိုကြီးက အဆင်မပြေလို့လေ ...ကျေးဇူးပြုပြီး..."

ဖေးယွီက သူ့ရင်ခွင်ထဲမှ အိန်ဂျယ်ဖြူဖြူသေးသေးလေးကို ကြည့်ပြီး နှုတ်ခမ်းတို့ကို တွန့်ကွေးသွားမိသည်။ သူလိုနတ်ဆိုးကို ဒီကောင်သေးသေးလေးက လာမြူစွယ်နေတာလား? ဒါပေမယ့်လည်း တမျိုးတဖုံ ချစ်စရာကောင်းနေတာကြောင့် သူအလိုက်အထိုက် ကစားပေးလိုက်ပါမယ်လေ

မျက်လွှာချကာ ရင်ခွင်ထဲ ခေါင်းဝှက်ထားသည့် အိန်ဂျယ်သေးသေးလေး၏ မေးဖျားကို လက်တစ်ဖက်ဖြင့် ဆွဲမော့လိုက်ရင်း သူ့မျက်လုံးတို့ကို ကြည့်စေလျက် အမေးစကားဆိုလိုက်သည်။

"အိန်ဂျယ်သေးသေးလေး...ငါဘယ်သူလဲဆိုတာသိလား"

ယွင်ရှီးက ထိုသို့အခေါ်ခံလိုက်ရသည်ကို အလိုမကျဟန်ဖြင့် နှုတ်ခမ်းလေးဆူကာ ဖေးယွီရင်ခွင်ထဲကနေ မျက်စောင်းလှမ်းထိုးလိုက်ပြီး

"ကျွန်တော်က အိန်ဂျယ်သေးသေးလေး မဟုတ်ဖူး"

"အဟားး......မင်းက ငါနဲ့ယှဉ်ရင် သေးသေးလေးပဲဟာ... အဲ့ဒီတော့ အိန်ဂျယ်သေးသေးလေးပဲပေါ့... မင်းသိလား ချန်ဖေးယွီ ရင်ခွင်ထဲရောက်ချင်လို့ အသေအကြေကြိုးစားနေတဲ့သူတွေ အများကြီးပဲ...မင်းအခု ဂုဏ်ယူသင့်တယ်"

ချန်...ချန်ဖေးယွီ...သူကတော့ တကယ့်ကို ကျားရှေ့မှောက်ယက်လဲတာပဲ....ချန်ဖေးယွီအရှေ့ကိုမှ ဝတ်လစ်စလစ်နဲ့ပြုတ်ကျတဲ့အပြင် သူငယ်ချင်းဖွဲ့ဖို့တောင် တွေးလိုက်မိသေးတယ်...သူဘယ်သူလဲ သိတာနဲ့ သူ့ကိုချန်ဖေးယွီက တစစီလုပ်ပစ်မှာ အသေအချာပင်

ဖေးယွီက သူ့ရင်ခွင်ထဲမှာ ရုတ်တရက်ငြိမ်ကျသွားတဲ့ အိန်ဂျယ်ကောင်လေးကိုကြည့်ပြီး  နှုတ်ခမ်းအစုံက ပြုံးလိုက်လေတယ်။ သို့သော် ထို အပြုံးငွေ့အသက်တွေက မျက်ဝန်းမှာထင်ဟပ်မနေ...အေးစက်စက်ငွေ့အသက်တွေသာ ယှက်သန်းလို့နေခဲ့သည်။

The Devil's Love (Completed)Where stories live. Discover now