Chapter 4

2K 257 7
                                    

#Unicode

နတ်ဆိုးတိုင်းပြည်အစွန်ဖျားမှာရှိသည့် ဖေးယွီ၏ အိမ်တော်ဖြစ်သည့် The Black Castle က ကြီးကျယ်ခမ်းနားလွန်းလှသည်။ လှပလွန်းသည့် စိတ်ကူးယဉ်ဆန်ဆန်ရဲတိုက်ကြီးတစ်ခုကဲ့သို့ပင် ။ အမိုးချွန်တွေ အဆောင်ဆောင် အခန်းခန်းတွေနှင့် ကြီးမားထည်ဝါလွန်းပေသည်။

ကျားအော်ကို ဖမ်းထားသည့်နေရာမှ အပြန် The Black Castle ဆီသို့ လှမ်းဝင်လိုက်သည့်အခါ ဖေးယွီကို အံ့ဩစရာတစ်ခုက အဆင်သင့်စောင့်ကြိုလို့နေခဲ့သည်။ ဝါဂွမ်းဆိုင်လိုလို တိမ်ဆိုင်တိမ်သားလေးလိုလို နုထွေးနေသည့် အသားအရေဖြူဖြူဥဥလေးနှင့် ဝတ်လစ်စလစ်ကောင်လေးတစ်ယောက်က တံခါးဝနားမှာ လဲကျကာ သတိလစ်လို့နေသည်။  ခန္ဓာအနှံ့မှာ ဒဏ်ရာများစွာရှိနေသော်လည်း ထိုအရာတို့က ကောင်ငယ်လေး၏ အလှတရားကို မဖုံးကွယ်နိုင်ပေ

အံ့ဩမှုနှင့်အတူ ထိုကောင်လေးကို ဖိနပ်ဦးချွန်နှင့်တို့ကာ နှိုးလိုက်သည်....ကောင်ငယ်လေးက မသိသလိုပင် လဲလျောင်းလျက်သားရှိသည်။ စိတ်မရှည်ဖြစ်ကာ အားစိုက်ထည့်ပြီး သုံးချက် လေးချက်လောက် လှမ်းကန်လိုက်တော့မှ ထိုကောင်ငယ်လေးက သတိဝင်လာခဲ့သည်။

မျက်တောင်ရှည်တို့ ပုတ်ခတ်ပုတ်ခတ်လုပ်ကာ နိုးလာခဲ့ပြီးနောက် ဘယ်ရောက်နေမှန်း မသိသည့်သူနှယ် ဟိုဟိုဒီဒီမျက်လုံးကစားကြည့်နေရင်းမှ ချန်ဖေးယွီထံသို့ အကြည့်များရောက်လာသည့်အခါ မိုးသောက်ကြယ်နှယ်လင်းလက်တောက်ပနေသည်မျက်ဝန်းလေးတို့က ပြူးကျယ်ဝိုင်းစက်သွားသည်။

ဖေးယွီက မျက်မှောင်ကျုံ့ရင်း သိလိုသည်ကို မေးလိုက်သည်။ ဒီကောင်လေးက ဘယ်လောက်ပဲ လှသည်ဆိုပါစေဦးတော့ နေစရာရှားလို့ သူ့အိမ်အပေါက်ဝတည့်တည့်မှာ အဝတ်မပါပဲ လာလှဲနေစရာလား? ဒါ ချန်ဖေးယွီကို ရန်စတာပဲ

"မင်းက ဘယ်သူလဲ ဘာလို့ ငါ့အိမ်အပေါက်ဝမှာ လာလှဲနေရတာလဲ"

သူလဲဘယ်သိပါ့မလဲလို့။ ဘယ်သူကရော သူများအိမ်အရှေ့မှာ လာလှဲနေချင်ပါ့မလဲ။ သွသူ fallen ဖြစ်ပြီး ပြုတ်ကျတာက ဒီရဲတိုက်အရှေ့တည့်တည့်ဖြစ်နေတာတော့ သူလဲမတတ်နိုင်။ စိတ်ထဲမှာ ပွစိ ပွစိလုပ်နေရင်းနဲ့မှ ကိုယ့်ကိုကိုယ် ယွင်ရှီး သတိထားမိသွားသည်

The Devil's Love (Completed)Where stories live. Discover now