Chapter 31

1.4K 158 5
                                    

#Unicode

ဖေးယွီက တောင်ကမ်းပါးစွန်းမှာပေါက်နေတဲ့ သစ်ပင်တစ်ပင်လိုပဲ။ တယုတယနဲ့ဂရုစိုက်ကာ ပြုစုမယ့်သူမရှိခဲ့ ... နေလောင်ပြီး ညှိုးရော်နွမ်းခြောက်လာတဲ့အခါ ရေလောင်းပေးမယ့်သူမရှိခဲ့... ပိုးကိုက်တဲ့အခါမှာ သုတ်သင်ဖယ်ရှားပေးမယ့်သူမရှိခဲ့။ ကျောက်ဆောင်တွေပြိုကျတဲ့အခါ သူ့အမြစ်နဲ့သူကုတ်တွယ်ကပ်ပြီး ပြိုကျတဲ့ထဲမပါသွားအောင် မာန်တင်းရတယ်။ လေတွေထန် မုန်တိုင်းတွေတိုက်တဲ့အခါ အရွက်တွေနဲ့ကာကွယ် အမြစ်တွေနဲ့ကုတ်တွယ်ပြီးနေရတယ်။ တိုက်ခိုက်လာတဲ့အရာတွေကို သူ့ဘာသာသူအန်တုရင်ဆိုင်ရတယ်။ ဒီလိုအခိုက်အတန့်မျိုးမှာ အားကိုးရာလက်တစ်စုံကို မကောင်းမှန်းသိသိရက်နဲ့တောင် ဖက်တွယ်ထားချင်ခဲ့တာ သဘာဝပဲ။ ဒါကြောင့်ပဲ လီကျင်းနဲ့ သူ့ဖခင်လက်ထဲမှာ လူသတ်ကောင်တစ်ယောက်အဖြစ်နဲ့ အသုံးချခံဖြစ်မှန်းမသိ ဖြစ်နေခဲ့ရတာပဲ

ခုတော့ ဖေးယွီဘေးမှာ လော့ယွင်ရှီးရှိနေချေပြီ။ ဖေးယွီတစ်ယောက်တည်းမဟုတ်တော့ပေ။ သို့သော် ဒဏ်ရာတွေ နာကျင်မှုတွေ ပြိုလဲမှုတွေက အောင်မြင်ခြင်းရဲ့အကြောင်းတရားဖြစ်တာကြောင့်မို့ ကမ်းပါးသစ်ပင်လေးသဖွယ်ဖြစ်ဖူးခဲ့တဲ့ ဖေးယွီကို အိမ်ထဲမှာအလှစိုက်တဲ့ ပန်းပင်ငယ်လေးအဖြစ်သို့ ပြောင်းလဲစေပြီး ယွင်ရှီးယုယပေးမှာမဟုတ်ဖူး။ ဖေးယွီရဲ့အရှိကို အရှိအတိုင်းလက်ခံပြီးချစ်ပေးမှာ .... ဖေးယွီရဲ့ ကြမ်းတမ်းမှု ... နူးညံ့ကြင်နာမှု ... ရက်စက်မှု ... ကြမ်းကြုတ်မှု အရာအားလုံးကို အရှိအတိုင်း လက်ခံပြီးချစ်ပေးသွားမှာ ... ဒါပေမယ့် ဖေးယွီကို အသုံးချခံအရာတစ်ခုအဖြစ်မှာတော့ ဆက်မရှိနေနိုင်အောင် ဆွဲထုတ်ပေးသွားမှာ

ခုချိန်ကစပြီး ဖေးယွီတစ်ယောက်တည်းမဟုတ်တော့ဖူး

ဖေးယွီဘေးမှာ ကိုကိုက အမြဲရှိနေပေးမှာ

နေပူတဲ့အခါ ထီးကလေးအဖြစ်နဲ့ အရိပ်မိုးထားပေးမှာ

မိုးရွာတဲ့အခါ ဖေးယွီခိုနားရာ အမိုးအကာလေးအဖြစ်နဲ့ရှိနေပေးမှာ

နှင်းတွေကျတဲ့အခါ ဖေးယွီနွေးထွေးစေဖို့ အနွေးခြုံထည်လေးဖြစ်ပေးမှာ

The Devil's Love (Completed)Where stories live. Discover now