Chapter 30

1.6K 160 4
                                    

#Unicode

မနေ့က ဖေးယွီစိတ်တိုင်းကျ သောင်းကျန်းထားတာကြောင့် နောက်ရက် ယွင်ရှီးနိုးထလာသည့်အချိန်မှာ ညနေစောင်းပင်ဖြစ်နေပြီ။

"အား ... ကျွတ် ကျွတ် ... နာလိုက်တာ"

ဖေးယွီစိတ်ရှိတိုင်းလုပ်ခွင့်ပြုခဲ့တာကြောင့် ခန္ဓာကလှုပ်ရှားလိုက်တိုင်းမှာ နာကျင်နေသည်။ အင်အားကြီးအိန်ဂျယ်ဖြစ်နေခဲ့ပေလို့ပဲ.... ဒီတိုင်းသာဆို ချန်ဖေးယွီလေးလက်ချက်နှင့်ဆို မလွယ်ရေးချ မလွယ်ပေ

ယွင်ရှီးအိပ်ပျော်နေတုန်းမှာ ဖေးယွီက ကိုယ်လက်သန့်စင်ပေးသွားသည်ထင် ...အဝတ်အစားအသစ်များဝတ်ဆင်ထားလျက်ရှိပြီး ခန္ဓာကသန့်စင်နေသည်။ ဒီလိုကျတော့လည်း ကလေးလေးက စားပြီးနားမလည်မလုပ်ရှာဖူးပဲ .... ထမင်းစားခန်းဘက်ထွက်လာသော်လည်း ဖေးယွီအရိပ်အယောင်ကို မမြင်ရသောကြောင့် Black Castle ထဲမှာ ဟိုကြည့်ဒီကြည့်လျှောက်ကြည့်နေလိုက်သည်။ ခုဆို ဒီအိမ်တော်မှာ ရောက်နေတာကြာပြီဆိုပေမယ့် အိမ်တော်ကို နှံ့နှံ့စပ်စပ်မရောက်ဖူးသေးချေ ... ကနဦးစရောက်ခါစက စပ်စုဖို့သွားကြည့်ခဲ့သော်လည်း ငရဲနက်ဂူသို့ ပို့ဆောင်ခံလိုက်ရပြီး နောက်ပိုင်းမှာလဲ ဖေးယွီရှိရင်ရှိ မရှိရင် အိမ်တော်ထိန်းဦးလေးဝမ်ရှိနေတာကြောင့်  အိမ်တော်ကို သေချာလေ့လာဖို့အခွင့်အရေးမရခဲ့ပေ။ အခုအခွင့်အရေးရတုန်း အိမ်တော်အနှံလျှောက်ကြည့်ရပေမည်

ဟိုအခန်း ဒီအခန်းလိုက်ကြည့်ရင်း ထောင့်ဆုံးခန်းတစ်ခုအရှေ့က သိမ်းငှက်ပုံရုပ်လုံးထွင်းထားသည်က အသက်ဝင်ကာ လက်ရာမြောက်လှတာကြောင့် ထိုသိန်းငှက်ကြီးကို ကိုင်ကာပွတ်သတ်ကြည့်လိုက်သည်။ ကျွီခနဲမြည်သံတစ်ခုနှင့်အတူ သိမ်းငှက်ပန်းပုနောက်နားက နံရံက ဘေးဘက်ကိုရွေ့သွားကာ မြေအောက်သို့ဆင်းသည့်လှေကားတစ်ခု ပေါ်လာခဲ့သည်။ ယွင်ရှီးလဲ ထိုလှေကားမှတဆင့် အောက်သို့ဆင်းကြည့်လိုက်ရာ အလင်းရောင်မှိန်ပြပြအောက်မှာ အခန်းငယ်များစွာကို တွေ့ရှိရလေသည်။

"ရွှမ်း...ရွှမ်း...ရွှမ်း"

"အား
တောင်း...တောင်းပန်ပါတယ်...အရမ်း...အရမ်းနာနေပီမို့လို့ပါ"

The Devil's Love (Completed)Where stories live. Discover now