Chapter 25

1.3K 173 4
                                    

#Unicode

တစ်နေကုန် သူ့လူတွေက ရှာဖွေစုံစမ်းနေသော်လည်း လော့ယွင်ရှီး အကြောင်း မကြားရပေ။

"မင်းကြည့်ရတာ စိတ်နဲ့လူနဲ့မကပ်နေသလိုပဲ"

ဖေးယွီ ထိုင်နေရာ အနောက်ဖက်နားဆီမှ ထွက်ပေါ်လာတဲ့အသံကြောင့် လှည့်ကြည့်လိုက်သည်။ မျှော်လင့်ခြင်းချောက်ကမ်းပါးအရှင်သခင် စုန့်ဝေလုံက ပြုံးကာ ဖေးယွီ ရှိရာသို့ လှမ်းလာ​သည်။

မျှော်လင့်ခြင်းချောက်ကမ်းပါးဆိုသည်မှာ နတ်ဆိုးပြည်တွင်ရှိသော ချောက်တစ်ခုဖြစ်ပြီး ထိုချောက်ထဲသို့ဆင်းသက်သွားသောသူသည် မိမိအတွင်းစိတ် အနက်ရှိုင်းဆုံးနေရာမှာဖုံးကွယ်ထားသော မိမိလိုချင်တပ်မက်သော ဆန္ဒတို့ကို တွေ့မြင်နိုင်ပေသည်။ ထိုကဲ့သို့သော ခံစားချက်တစ်ခုခုရှိလာခြင်းက နတ်ဆိုးတို့ကို အားနည်းစေနိုင်သည်။ ထို့ကြောင့် ထိုနေရာကို နတ်ဆိုးဘုရင်က ကန့်သတ်​နယ်မြေအဖြစ် ကြေညာထားခဲ့သည်။  ပုံမှန်ဆို မျှော်လင့်ခြင်းကမ်းပါးအရှင်သခင်က အပြင်ထွက်လေ့မရှိပေ

"ဘာလာလုပ်တာလဲ"

စုန့်ဝေလုံက ဖေးယွီဘေးမှာ ဝင်ထိုင်လိုက်ပြီးနောက် ဖေးယွီ မေးသည်ကို လေသံခပ်အေးအေးဖြင်​့ ပြန်ဖြေလိုက်သည်။

"ဒီလိုပါပဲ ပျင်းလာလို့ မင်းဆီလာလည်တာ"

"......."

"တစ်ခုခုကို စိတ်အနှောက်အယှက်ဖြစ်နေတယ်မလား? အိန်ဂျယ်လော့ယွင်ရှီးကြောင့်လား?"

ဖေးယွီစိတ်မပါလက်မပါ ခေါင်းငုံ့ထိုင်နေရာမှ ခေါင်းမော့ကာ စုန့်ဝေလုံကို ကြည့်လိုက်သည်။ စုန့်ဝေလုံရဲ့ လည်ပင်းတို့ကို ဖမ်းညှစ်ကာ သွားကြားထဲမှလေသံဖြင့် အေးစက်စက်မေးလိုက်သည်။

"သူ့အကြောင်း ဘလိုသိတာလဲ"

စုန့်ဝေလုံက ပြုံး၍သာ ဖေးယွီကို ကြည့်နေသည်။ ဖေးယွီလက်တို့မှာ အားပိုစိုက်လိုက်ကာ လူသတ်ငွေ့လွှမ်းနေသောလေသံဖြင့်

"မေးတာကိုဖြေ"

"ဖြေရင်ဘာပြန်ပေးမှာလဲ"

"ငါမင်းနဲ့ကစားချင်စိတ်မရှိဖူး... အေးဆေးမေးနေတုန်းဖြေ"

The Devil's Love (Completed)Where stories live. Discover now