#Unicode
ရေကန်အလယ်ရှိ နားနေဆောင်မှာ ဟိုဘက် ဒီဘက် ခေါက်တုန့်ခေါက်ပြန် လှမ်းလျှောက်ရင်း ချန်ဖေးယွီ ကဏာမငြိမ်ဖြစ်နေမိသည်။ ကိုကိုက သူ့ကို စိတ်ဆိုးနေတာလား? မနက်အိပ်ယာနိုးတည်းက တချက်လွှတ်အမိန့်နဲ့ သလင်းဖြူနန်းဆောင်နား အခေါ်တော်မရှိပဲ မကပ်ရဟု မိန့်ကာ နန်းဆောင်အပြင်ကို မောင်းထုတ်ထားတာ ဘာကြောင့်လဲ? ကိုယ်က နတ်ဆိုးပြည့်ရှင်ဖြစ်ပြီး နတ်ဆိုးတစ်တိုင်းပြည်လုံးက ဖေးယွီအမိန့်ကို ဖိန့်ဖိန့်တုန်အောင် ကြောက်ရသော်လည်း ကိုကို့အမိန့်ဆို ဖေးယွီက ဖိန့်ဖိန့်တုန်အောင် ကြောက်ရပြန်တာမို့ အရမ်းကာရော သလင်းဖြူ နန်းဆောင်ထဲလဲ ဝင်မသွားရဲပေ။ ဒီအိန်ဂျယ်ကိုကိုတစ်ယောက်ကြောင့် ရူးရတော့မှာပဲ... အွန်း ကိုကိုက အိန်ဂျယ် ဘယ်ဟုတ်တော့မလဲ ဖေးယွီရဲ့လက်တွဲဖော်ဆိုတော့ နတ်ဆိုးပြည့်ရှင်မိဖုရားပေါ့
အတွေးတို့ကြောင့် တစ်ယောက်တည်း ရယ်မိရပြန်သည်။ ကိုကိုသာ ကြားလို့ကတော့ ဘယ်ကထွက်လာမှန်းမသိတဲ့ အင်အားတွေတဲ့ အဝေးကိုလွင့်နေအောင် အကန်ခံရဦးမည်ပင်။ အတူနေတာကြာမှ သိလာတာ... ကိုကိုက ချစ်ဖို့ကောင်းသလို ဒေါသလည်းအရမ်းကြီးတဲ့ အိန်ဂျယ်သေးသေးလေး ... အွန်း ချန်ဖေးယွီ အရမ်းချစ်ရတဲ့ ချန်ဖေးယွီရဲ့ အိန်ဂျယ်လေး
လျှောက်လိုက် ထိုင်လိုက် ပန်းတွေကိုကြည့်လိုက် မက်မွန်သီးခူးစားလိုက် သလင်းဖြူနန်းဆောင်ဘက်မျှော်ကြည့်လိုက်နဲ့ တစ်နေ့ကုန်ခါနီးနေပြီ ကိုကိုက မပေါ်လာသေး။ အခေါ်တော်မရှိပဲ နန်းဆောင်ဖက် ခြေမလှမ်းရ အမိန့်တော်ကိုလွန်ဆန်ပြီးလည်း နန်းဆောင်ဘက် သွားမချောင်းချင်... ကိုကိုစကားကိုဆို တသွေမသိမ်း လိုက်နာချင်နေတော့လဲ ခက်တာပဲ
ညမှောင်လာတော့မှ ကိုကိုက အခေါ်တော်လွှတ်လာချေသည်။ ဝုန်းခနဲထရပ်ပြီး အပြေးသွားဖို့ ပြင်တော့ အရှေ့မှာ လာပိတ်ရပ်လေတဲ့ နတ်ဆိုးငယ်။ ဖေးယွီလမ်းကို ပိတ်ပိုင်ခွင့်ကို လော်ယွင်ရှီးတစ်ယောက်ကိုသာ ခွင့်ပြုထားတာ ဒီနတ်ဆိုးငယ်က ဘယ်လိုသတ္တိနဲ့လဲ... ဒေါသထွက်လာတာနဲ့အတူ ထိုနတ်ဆိုးငယ်ကို မီးလောင်တိုက်သွင်းရန် ဖေးယွီလက်က မီးတောက်များဖန်တီးလိုက်ကာ စူစူးရဲရဲစိုက်ကြည့်လိုက်တော့ တစ်ကိုယ်လုံးတုန်ယင်နေကာ အထစ်ထစ်အငေါ့ငေါ့နဲ့ ဖြေရှင်းချက် ပေးလာသည်
YOU ARE READING
The Devil's Love (Completed)
FanfictionI am a Devil. I like to destroy things. I like to hurt others. I do not love. I want to destroy you. I am an Angel. I love you. I'll be by your side. I'll be there for you no matter what.