Chapter 18

1.5K 191 2
                                    

#Unicode

"ကျေးဇူး"

"ကျေးဇူးမတင်နဲ့ ... ခင်ဗျားကို ကယ်ချင်လို့ကယ်တာမဟုတ်ဖူး"

"....."

"ခင်ဗျားရဲ့ အရေးမပါတဲ့ သွေးတွေကြောင့် ခင်ဗျားရှိနေမှ ကျုပ်အစွမ်းတွေကို ဟန်ချက်ညီအောင်ထားလို့ရမှာမို့  .... ခင်ဗျားကိုလိုအပ်နေသေးလို့သာ"

အေးစက်စက်အပြုအမူတွေကို ရင်းနှီးပြီးသားဖြစ်နေပြီမို့ အထူးတလည် ခံစားပြပြီး ခွန်းတုန့်ပြန်မနေတော့ပေ ... ဖေးယွီက ပါးစပ်ကသာ အဲ့လိုတွေပြောနေတာ တကယ်တမ်း သူတစ်ခုခုဖြစ်သွားမှာ စိတ်ပူနေမှန်း သူသိတာပေါ့ ... ဖေးယွီနဲ့သူနဲ့က အခုစိတ်ချင်းဆက်သွယ်မှုရှိနေတာလေ ... ဖေးယွီခံစားချက်အနည်းအကျဉ်းကို သူခံစားသိရှိနေနိုင်တာပဲ ... အဲ့အရူးကောင်ကသာ သူ့စိတ်သူမသိရှာတာ ... စောင့်ကြည့်နေလိုက် ဖေးယွီ ...ကိုကိုက ကလေးစိတ်ထဲမှာရှိတဲ့ခံစားချက်တွေကို တဖြေးဖြေးချင်း ဖော်ထုတ်ပေးသွားမှာမို့

ယွင်ရှီးက ဖေးယွီဘက်ကိုလှည့်လိုက်ပြီး ဖေးယွီခါးတွေကို သိုင်းဖက်လိုက်ကာ သူတို့နှစ်ယောက်ကြား အကွာအဝေးကို ပိုမိုနီးကပ်စေလိုက်သည် ... ယွင်ရှီးမော့ကြည့်လိုက်လျှင် ဖေးယွီမျက်နှာက မွှေးညင်းလေးတွေကိုပါ မြင်နေရသည်။

"မကြည့်နဲ့"

"...."

"မကြည့်ပါနဲ့ဆို"

ဖေးယွီမျက်နှာကို ယွင်ရှီးလက်လေးနှင့် တို့ထိမိလိုက်သည်။ ပါးပြင်လေးကို ခပ်ဖွဖွကိုင်ထားပြီး

"ချောတယ်"

ဖေးယွီမျက်ခုံးတန်းနှစ်ခုကို ထိစပ်သည်ထိ တွန့်ချိုးမိသွားသည်။ ဒီအိန်ဂျယ်က ဘာဖြစ်နေတာလဲ? ဦးနှောက်ပျက်သွားတာများလား??? အခုပဲ သူတို့ အန္တရာယ်ကြားက လွတ်မြောက်လာခဲ့တာလေ ... အဲ့ဒါကို ဘာတွေလာပြောနေရတာလဲ .... သူ့ပါးကို ဖွဖွကိုင်ထားသည့် အိန်ဂျယ်ရဲ့လက်တို့ကို ပုတ်ထုတ်ပစ်လိုက်သည်။ သူ ဒီအိန်ဂျယ်နှင့် ဝေးဝေးနေချင်သည် ... ဒါပေမယ့် ဒီအိန်ဂျယ်က သူ့ဘေးနားမှာရှိနေဖို့လဲ လိုအပ်နေသေးပြန်သည် .... အာ ... ဒါက သူ့ကို တော်တော်စိတ်ရှုပ်စေတာပဲ ...

The Devil's Love (Completed)Where stories live. Discover now