Chapter 15

1.8K 201 7
                                    

#Unicode

ကုတင်ပေါ်တွင် ကိုယ်ကိုစောင်းထိုင်လျက် ယွင်ရှီးအိပ်မောကျနေသည့်ပုံလေးကို ကြည့်နေမိသည်။ ဖြူဖြူစင်စင်လေး .... နက်မှောင်ကော့စင်းနေသည့် မျက်တောင်ရှည်လေးတွေက လှပလွန်းသည့်မျက်လုံးပေါ်မှာ ဖြာကျကာအုပ်မိုးနေသည်။ နှာတံဖြောင့်ဖြောင့်စင်းစင်းလေးက မျက်နှာအလှကို ပိုပေါ်စေကာ မိမိကြမ်းကြမ်းတမ်းတမ်းနမ်းထားသောကြောင့်ထင်သည် ... နှုတ်ခမ်းပါးပါးရဲရဲလေးက ဖူးယောင်ကာ ခပ်ဖောင်းဖောင်းလေးဖြစ်နေသည်။

ဒုတ်

ယွင်ရှီးကို ကြည့်နေရာမှ ကြားလိုက်ရသော မိမိနှလုံးခုန်သံကြောင့် လန့်သွားရသည်။ ဒင်းက ဘောက်မဲ့ကြောင့် ခုချိန်မှာ လာခုန်နေရတာတုန်း ... ဒီအိန်ဂျယ်ကြောင့်လို့တော့ သူ့ကိုလာမပြောနဲ့နော် ... သူကဒီအိန်ဂျယ်ကို ဖျက်လိုဖျက်ဆီးလုပ်ချင်စိတ်ပဲရှိတာ ... ဒီရက်ပိုင်းကိစ္စရပ်တွေကြောင့် ကောင်းကောင်းအနားမယူရသေးတာမို့ ပင်ပန်းပြီး ခုန်နေတာနေမှာ

ထိုအချိန်မှာပဲ အိပ်နေတဲ့အိန်ဂျယ်လေးက လူးလွန့်လာသည်။

"အား .... ကျွတ် .... ကျွတ်"

ညည်းညူသံအချို့နှင့်အတူ ယွင်ရှီးမျက်လုံးပွင့်လာကာ သူ့ကိုလဲမြင်ရော ကုန်းရုန်းထပြီး ကုတင်ထောင့်နားလေးကို ပြေးကပ်ချေသည်။ ထိုပုံစံလေးကိုမြင်ရတော့ ဘာကြောင့်ရယ်မသိ ဖေးယွီရင်ဘတ်တစ်နေရာက စူးအောင့်လာသည်။ သူအနားယူသင့်နေပြီပဲ ... သူ့ခန္ဓာက ပင်ပန်းနေပုံရသည်။

"နိုးလာပြီဆို အားရှိအောင်လို့ အိမ်တော်ထိန်းကို အစားသောက်တွေပြင်ခိုင်းထားတယ် ...
လာပို့ခိုင်းလိုက်မယ် ... စားပြီးနားနားနေနေ နေလိုက် ... ထပ်ထွက်သွားလို့ရှိရင် ကျွန်တော့အဆိုးမဆိုနဲ့"

သူက ဖေးယွီရဲ့ အကျဉ်းသားလိုဖြစ်နေပြီလား ... ဖေးယွီက သူ့ကိုဂရုစိုက်တယ်ထင်ထားတာ ... အဲ့လိုမဟုတ်ဖူးထင်တယ် ... သူ့ကို ဒီလိုပဲ ဖမ်းချုပ်ထားတော့မှာလား ... ဒါဆို ကျားအော်ကိုကယ်ဖို့ရော ... သူဒီတိုင်းထိုင်နေလို့မဖြစ်ပေ ...  အခြေအနေပေးတာနဲ့ ဖေးယွီဘေးကနေ ထွက်သွားဖို့ ကြိုးစားရမယ် ... အတွေးများနှင့်အတူ ယွင်ရှီး ကိုယ့်ကိုကိုယ် သန်မာအောင် အားပြန်မွေးဖို့ ဆုံးဖြတ်လိုက်သည်။

The Devil's Love (Completed)Where stories live. Discover now