Chapter 27

1.3K 176 11
                                    

#Unicode

ဖေးယွီက ယွင်ရှီးကို တွန်းထုတ်လိုက်ပြီး နောက်ကိုခြေလှမ်း ၂ လှမ်းလောက်ဆုတ်လိုက်သည်။ ထို့နောက် ယွင်ရှီးကို ကျောခိုင်းကာ လှည့်ထွက်သွားသည်။ ခြေလှမ်း ၃ , ၄ လှမ်းလောက်ပဲ လှမ်းရသေးချိန်တွင် ပျော့ခွေကာ မြေပြင်ပေါ်သို့ လဲကျသွားချေသည်။ ယွင်ရှီးလည်း ဖေးယွီအနားအပြေးသွားကာ ဖေးယွီကိုပွေ့ထူလိုက်သည်။ ဖေးယွီက သတိမရှိ... ပျော့ခွေကာ ယွင်ရှီးဆွဲထူရာသို့ အလိုက်သင့်ပါလာသည်။

"ကလေး ... ကလေး ... ဖေးယွီ ... ချန်ဖေးယွီ"

ယွင်ရှီး ဖေးယွီနာမည်ကိုခေါ်နေသော်လည်း ဖေးယွီက သတိမကပ်လာချေ။ ယွင်ရှီးတစ်ကိုယ်လုံးတွင် စိုးရိမ်စိတ်တို့က ဆူနာမီလှိုင်းလုံးများသဖွယ် တလှိမ့်လှိမ့်နှင့် အရှိန်အဟုန်ပြင်းစွာတက်လာသည်။ မျက်ရည်တို့ ယိုစီးကျကာ ဖေးယွီနာမည်ကို နာနာကျင်ကျင်အော်ခေါ်မိသည်။

"ချန်ဖေးယွီ............."

"သူဘာမှမဖြစ်ပါဖူး ... ခဏတာ သတိလစ်သွားရုံပဲ"

အသံနှင့်အတူ သူ့မျက်စိရှေ့ရောက်လာသော ခြေတစ်စုံ ... မော့ကာကြည့်လိုက်တော့ fallen angel စုန့်ဝေလုံကို တွေ့လိုက်ရသည်။

"စုန့်ဝေလုံ?"

"အရှင်လော့ယွင်ရှီးက ကျွန်တော့ကို မှတ်မိသားပဲ .... ချန်ဖေးယွီက ဘာမှမဖြစ်ပါဖူး အရမ်းစိတ်မပူပါနဲ့"

စုန့်ဝေလုံက ထိုသို့ပြောသော်လည်း ယွင်ရှီးစိုးရိမ်စိတ်တို့ကို တားဆီးလို့မရပေ။ ဖေးယွီက ကြမ်းတမ်းတယ် .. ရက်စက်တယ် .. ယုတ်မာတယ် ... ဒါပေမယ့် ဖေးယွီရဲ့စိတ်အတွင်းထဲမှာ နူးညံ့မှုတစ်စုံတစ်ရာပုန်းခိုနေတယ်ဆိုတာ သူသိတယ် ... အဲ့အရာကိုတောင် သူသေချာတူးဖော်မပေးရသေးဖူး ... ဖေးယွီတစ်ခုခုဖြစ်သွားမှာ ယွင်ရှီးသေမလောက်ကြောက်သည်။

"သူပင်ပန်းနေလို့ပါ ... ဒီရက်ပိုင်း ကောင်းကောင်းအနားမယူရသေးလို့နေမယ် ... သူ့ကိုအနားယူခိုင်းလိုက်ရင် သက်သာသွားမှာပါ"

ဖေးယွီကိုယ်လုံးကို နီးကပ်နိုင်သမျှနီးကပ်အောင်ဆွဲယူပြီး ရင်ခွင်ထဲထည့်ကာ ပွေ့ပိုက်ဖက်ထားလိုက်သည်၊ သူ့ကိုယ်ငွေ့ကြောင့် ဖေးယွီအနည်းငယ် စိတ်သက်သာမှုရသွားရင်ကောင်းမယ် ... သူငိုရလွန်းလို့ မျက်လုံးတွေတောင် စပ်ချင်နေပြီ

The Devil's Love (Completed)Where stories live. Discover now