Ending (Part 3) - Final

2K 163 7
                                    

#Unicode

အပေါ်တပိုင်းကို warning ပေးပါမယ်နော် XD


ဖေးယွီ ကိုကိုမျက်နှာကို မေးဖျားလေးမှဆွဲမော့လိုက်ပြီး မတွေ့ရတာကြာပြီဖြစ်တဲ့ လွမ်းဆွတ်နေရတဲ့ မျက်နှာလေးကို ရီဝေစွာငေးမောကြည့်နေရင်းနဲ့မှ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကို လက်နဲ့ဖွဖွလေးထိတွေ့ကြည့်နေမိသည်။ ထို့နောက် ကိုကို့နဖူးကို နှုတ်ခမ်းနှစ်လွှာဖြင့် ထိကပ်မွှေးကြူလိုက်ပြီး ထိုမှတစ်ဆင့်မျက်ခွံလေးနှစ်ခုပေါ် ... နောက်နှာတံစင်းစင်းလေးပေါ် ... ပါးပြင်ပေါ် ...ထို့နောက် နှုတ်ခမ်းနှစ်လွှာပေါ်....တစ်ဆင့်ခြင်းစီ နှစ်သက်မြတ်နိုးစွာ မက်မောစွာနမ်းရှိုက်နေမိသည်။ အနမ်းတို့က ပြင်းရှလာသည်နှင့်အမျှ ဖေးယွီပေါင်ပေါ်မှာထိုင်နေတဲ့ ကိုကို့ကိုယ်လုံးလေး တစ်ချက်တစ်ချက်တုန်တက်သွားသည်ကိုလည်း ခံစားသိရှိနေသည်။

စုပ်ယူကိုက်ခဲထားသောကြောင့် ပေါက်ပြဲနေသည့် ကိုကို့အောက်နှုတ်ခမ်းလေးက ထပ်ခါထပ်ခါနမ်းရှိုက်ပစ်ချင်စရာပင် ...

ကိုကို့မျက်ဝန်းတို့ထဲစိုက်ကြည့်ပြီး ဖေးယွီတောင်းဆိုလိုက်မိသည်။ မတောင်းဆိုလို့လဲမရတော့ အောက်က အကောင်ငယ်ကဆန္ဒပြနေချေပြီ ... ကိုကိုနဲ့ပြန်ဆုံဆုံချင်းမှာ ကိုကို့ကိုအသားယူဖို့စိတ်ကူးမရှိခဲ့သော်လည်း လော်ယွင်ရှီးဆိုသော အိန်ဂျယ်နှင့်ပတ်သတ်လာလျှင် ဖေးယွီခန္ဓာကိုယ်အသွေးအသားတို့က ဖေးယွီစကားကိုဘယ်တော့မှ နားထောင်ခဲ့သည်မဟုတ်

"ကျွန်တော်မရတော့ဖူးကိုကို"

"ဟမ်"

ကိုကိုက ရုတ်တရက်ကြောင်သွားပုံရပြီး အောက်ကသူ့ပေါင်ကိုထိုးနေသည့် အကောင်ပေါက်ကိုသတိထားမိသွားပုံဖြင့် နားရွက်ဖျားလေးတွေရော မျက်နှာရောရဲတက်လာပြီး ရှက်ပြုံးလေးဖြင့် မျက်လွှာတို့ကို မှိတ်ချကာ ခေါင်းငြိမ့်ပြလေသည်။ ပြန်လည်ဖိကပ်သွားသော အနမ်းတို့နှင့်အတူ အပြန်အလှန် တရိုက်မက်မက်ထပ်မံနမ်းမိကြသည်။ နမ်းရှိုက်နေရင်းမှ ဖေးယွီက ကိုကို့ကို ပွေ့ထားရက်သား မတ်တပ်ထရပ်လိုက်ပြီး အနီးနားရှိသစ်ပင်ဆီသို့သွားကာ ကိုကို့ကို ဖေးယွီဘက်ကိုကျောပေးရပ်စေလိုက်သည်။

The Devil's Love (Completed)Where stories live. Discover now