Ending (Part 1)

1.6K 148 9
                                    

#Unicode

AN: update ကြာသွားလို့ sorry ပါ။ အေဗရီ့မျက်လုံးက screen time များပြီး တော်တော်ဝါးလာတာကြောင့် အာရုံစိုက်ရတာတွေကို ခနရပ်ထားရပြီး screen timeကို လျော့နေရလို့ပါ။

Covid 19 ပြန့်နှုန်းကလဲ မြင့်လာတာကြောင့် reader လေးတို့အားလုံးလဲ အပြင်ထွက်စရာအကြောင်းရှိလို့ ထွက်ရရင် သေချာဂရုစိုက်ကြပါနော်။

~~~~~~~The Devil's Love~~~~~~~

တရုတ်ရိုးရာချစ်သူများနေ့ (QiXi ပွဲတော်နေ့)
.
.
.

လူသားတွေ QiXi ပွဲတော် ဆင်နွှဲနေကြသည်ကိုကြည့်ရင်း ညဉ့်နက်လာလေသောအခါ ဖေးယွီတစ်ယောက်တည်းရှိချင်တာကြောင့် လူသားတို့နေထိုင်ရာကမ္ဘာရှိ အမြင့်ဆုံးတောင်ထွဋ်တစ်ခုပေါ်သို့တက်ရင်း ကောင်းကင်ကျယ်ကို မော့ငေးကြည့်နေမိသည်။ ထိန်ထိန်သာနေသည့်လမင်းကြီးကိုကြည့်ရင်း ကိုကို့အကြောင်းကိုတွေးမိပြန်တော့ မျက်ရည်တို့က ပါးပြင်ပေါ်အလုအယက်ကျဆင်းလာခဲ့ပြန်သည်။ နတ်ဆိုးပြည်ရှိ လက်အောက်ငယ်သားတွေသာ ထိုပုံစံကို မြင်လျှင် အံ့ဩလို့ဆုံးမည်မထင်ပေ။ သွေးအေးရက်စက်လွန်းတဲ့ ချန်ဖေးယွီက မျက်ရည်ကျသည်ဆိုတာ ယုံနိုင်ဖွယ်ရာမရှိ။ ဖေးယွီ၏ ပျော့ညံ့မှု အရှုံးပေးမှုအားလုံးကို လော်ယွင်ရှီးဆိုသော အိန်ဂျယ်တစ်ယောက်အတွက်သာ သီးသန့်ဖြစ်တည်နေခဲ့ခြင်းပင်။

ကိုကိုက လမင်းကြီးလိုပဲ ... မှောင်မိုက်နေတဲ့ညမှာ ဖေးယွီအတွက် ထွန်းလင်းပေးခဲ့သည့် လမင်းကြီး ...

"ဖေးယွီ"

ခေါ်သံတိုးဖွဖွကြောင့် ဖေးယွီပြုံးလိုက်မိသည်။ ထပ်ပြီး ကြားယောင်မိပြန်ပြီပဲ ... ထိုသူရဲ့အသံကို သူအတော်ကြီးကို စွဲစွဲလန်းလန်း ရှိနေခဲ့တာပဲ ... အနားမှာရှိနေခဲ့စဉ်က အသုံးချဖို့အရေးသာ တွေးတောနေခဲ့မိပြီး ... ကိုယ့်ရဲ့လက်အစုံနဲ့ ထိုသူ့ကို ထိခိုက်နာကျင်စေခဲ့ပြီး ...

လူသားတွေ ပြောလေ့ရှိတဲ့ အနားမှာရှိစဉ်က ဖြစ်တည်မှုက မသိသာပေမယ့် မရှိတော့မှ တစ်စုံတစ်ယောက်ရဲ့တန်ဖိုးကို သိလေ့ရှိတယ်ဆိုတာ မှန်ကန်သောစကားပဲ ... ထိုသူ့ကို သူ့ဘေးနားက သူကိုယ်တိုင် ဖယ်ရှားတွန်းထုတ်ခဲ့ပြီး ခုကျတော့မှ ပြန်လိုချင်နေခဲ့သည်... ချန်ဖေးယွီ .. မင်းကအတော်လေးကို ရယ်စရာကောင်းတဲ့သူပဲ

The Devil's Love (Completed)Where stories live. Discover now