Chapter 11

1.8K 225 13
                                    

#Unicode

ချန်ဖေးယွီ၏ ဆွဲဆောင်အားပြင်းလှသော ရင်အုပ်ကျယ်နှင့် မျက်ဝန်းတို့က ယွင်ရှီး၏ အာရုံထဲ၌ ထင်းခနဲပေါ်လာနေသည်။ ယွင်ရှီးစိတ်ထဲမှာ ပျော်ရွှင်ခြင်းနှင့်အတူ နက်နက်ရှိုင်းရှိုင်းဝမ်းနည်းမှုကိုပါ တစ်ပြိုင်နက်တည်းခံစားနေရသည်။ အာ... သူဘယ်လိုတောင်ဖြစ်နေတာလဲ? ဒီကိုသက်ဆင်းလာတာ သူ့အချစ်ဆုံးသူငယ်ချင်း ကျားအော်ကို ကယ်ဖို့ ...ဟုတ်တယ် သူကျားအော်ကို ကယ်ရမယ်...အဲ့ဒါကို သူမေ့လိုက်လို့မဖြစ်ချေဖူ ... ကိုယ့်ကိုကိုယ်သတိအထပ်ထပ်ပေးရင်း ခုချိန်ထိ ခုန်ပေါက်နေဆဲဖြစ်သည့် ဝဲဘက်ရင်အုံထဲက အကောင်ပေါက်ကို ၂ချက်လောက် ထုရိုက်လိုက်တော့သည်။

ယွင်ရှီးစိတ်တို့ အတော်အတန်တည်ငြိမ်သွားသည့်အခါ ဝတ်စုံကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်ရင်း အခန်းအပြင်ဘက်သို့ထွက်လာလိုက်သည်။ အပြင်ဘက်တွင် နတ်ဆိုးငယ်မိန်းမပျိုတစ်ယောက်က အဆင့်သင့်စောင့်ကြိုနေပြီး ယွင်ရှီးထွက်လာသည်ကို မြင်လျှင် အရိုအသေပြုကာ

"သခင်လေး ကို သခင်က ထမင်းစားခန်းဆောင်မှာ စောင့်နေပါတယ် ...

ကျွန်တော်မျိုးမ လမ်းပြပေးပါ့မယ်"

"...."

သခင်? ... သခင်လေး ? အခုက ဘာတွေဖြစ်နေတာလဲ? တစ်ယောက်ယောက်များ သူ့ကိုရှင်းပြပေးလို့ရမလား?

ယွင်ရှီးလည်း စကားတို့ဆိုမနေတော့ပဲ အတွေးပေါင်းစုံဖြင့်သာ ထိုနတ်ဆိုးငယ်ခေါ်ဆောင်ရာသို့ လိုက်သွားလိုက်တော့သည်။

အဆောင်ဆောင် အခန်းခန်းတို့ကို ချိုးကွေ့ကျော်ဖြတ်ပြီးနောက် တံခါးပိတ်ထားသောအခန်းကျယ်တစ်ခုရှေ့တွင် ထိုနတ်ဆိုးငယ်ကရပ်ကာ

"သခင်က ဒီအခန်းထဲမှာစောင့်နေပါတယ်

ဝင်သွားလိုက်ပါ ... ကျွန်တော်မျိုးမကို ခွင့်ပြုပါဦး"

ယွင်ရှီးအားရိုရိုသေသေပြောကာ ထွက်သွားလေသည်။ ယွင်ရှီးလဲ မိမိအရှေ့က တံခါးကို တွန်းဖွင့်ကာ အခန်းကျယ်ထဲသို့ လှမ်းလျှောက်ဝင်လိုက်သည်။ အခန်းအလယ်တွင် စားပွဲရှည်တစ်ခုကို ချထားပြီး အခန်းနံရံတွင် လက်ရာမြောက်ပန်းချီကားများကို ချိတ်ဆွဲထားသည်။ ပန်းချီကားတိုင်းမှာ နတ်ဆိုးများက အိန်ဂျယ်များကို အနိုင်ယူနေပုံကိုသာ အမျိုးမျိုးရေးဆွဲထားခြင်းဖြစ်သဖြင့် ယွင်ရှီးနှာခေါင်းရှုံ့မိသည်။ စားပွဲတစ်ဖက်ခြမ်းတွင် ချန်ဖေးယွီက ယွင်ရှီးကို ကျောပေးရက်ဖြင့် ဘာမှန်းမသိသည်ကို လုပ်ကိုင်နေရင်းမှ တံခါးဖွင့်သံကြားသဖြင့် ယွင်ရှီးရှိရာဘက်သို့ လှည့်ကြည့်လေသည်။

The Devil's Love (Completed)Where stories live. Discover now