Reminder

1.1K 55 1
                                    

#Unicode

Update တော့ ဟုသေးဖူး 😁 ဒါလေးက နောက်တစ်ပိုင်းက Ending ပါ။ ဒီ weekend ထဲ တင်ပေးဖြစ်နိုင်အောင်တော့ try ပါမယ်။ ခုတော့ ဇာတ်လမ်းနဲ့မဆိုင်ပဲ လျှာနည်းနည်းရှည်လိုက်ဦးမယ် XD
.
.
.

ခုဆို ဘယ်ကစကူးမှန်း မသိတဲ့ local transmission တွေ ပြန်တွေ့လာနေရပြီဖြစ်သလို ရောဂါကူးစက်မှုနှုန်း ၁၀ဆပိုမြန်တဲ့ covid-19 သန္ဓေပြောင်း virus လည်း မြန်မာနိုင်ငံထဲ​ကို ရောက်ရှိနေပြီလို့ ကြေညာထားပါတယ်။ ရုရှားနဲ့တရုတ်က ကာကွယ်ဆေးကို approved လုပ်ပြီးပြီဆိုပေမယ့် စျေးကွက်ထဲ ဘယ်အချိန်မှ လုံလုံလောက်လောက် ဝယ်ယူလို့ရလာနိုင်မလဲဆိုတာ မသိသေးတဲ့အခြေအနေပါ။ ကာကွယ်ဆေး စမ်းသပ်မှု Phase 3 ရောက်နေတဲ့ဆေးက ၈ မျိုးရှိနေပါပြီ။ အောင်အောင်မြင်မြင်နဲ့စမ်းသပ်ထုပ်လုပ်န်ုင်ပြီး အားလုံးလက်ထဲ ဖြန့်ဝေနိုင်တဲ့အချိန် မြန်မြန်ရောက်လာနိုင်ဖို့ပဲ မျှော်လင့်ရမှာပါ။

အဲ့လိုမဖြစ်ခင်မှာတော့ အေဗရီတို့ ကိုယ့်ကိုကိုယ်ကာကွယ်နိုင်သလောက် တစ်နိုင်တစ်ပိုင် ကာကွယ်ပြီးနေရမှာပါ။ စိတ်ရှုပ်စရာ အလုပ်ရှုပ်စရာဆိုပေမယ့် new normal မှာ နေသားကျဖို့ ကြိုးစားသွားရမှာပါ။

✅အပြင်ထွက်ရင် maskကို စနစ်တကျ တပ်ဖို့

✅YBSတို့ Taxi တို့ စီးပြီးရင်လဲ ကားပေါ်ကဆင်းတာနဲ့ လက်ကို handgel/အရက်ပြန်ရေရောထားတာ နဲ့ဆေးဖို့

✅lift တို့ တံခါးလက်ကိုင်တို့ အခြားအများနဲ့ထိ​တွေ့ထားမှုရှိတဲ့ အရာဝတ္ထုတို့ ပိုက်ဆံတို့ကို ကိုင်ပြီးရင် လက်ဆေးဖို့၊ မဆေးနိုငိသေးခင်မှာ မျက်နှာကို မထိမိစေဖို့

✅mask တပ်ထားပြီးရင်လည်း mask အပေါ်ကနေ လက်နဲ့အုပ်ကိုင်တာတို့ ...​လက်သေချာ မဆေးကြောရသေးပဲ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်ကို ထိတွေ့တာတို့ မလုပ်မိဖို့

✅အသုံးပြုပြီးသား mask ကို စွန့်ပစ်ရင်လဲ စနစ်တကျစွန့်ပစ်ဖို့ (​အေဗရီတော့ ကိုယ့်မျက်နှာဘက်မှာထားတဲ့အခြမ်း အဖြူရောင်ရှိတဲ့အခြမ်းကနေ လှန်ခေါက်လိုက်ပြီး အလိပ်လေးလိပ်ပြီး အဖုံးပါတဲ့ အမှိုက်ပုံးထဲထည့်ပါတယ်)

The Devil's Love (Completed)Where stories live. Discover now