Chapter 24

1.3K 178 1
                                    

#Unicode

ကလေးလေး ၃ယောက်က ယွင်ရှီးကို ပြူးကြည့်နေကြသည်။ ချန်ဖေးယွီ အိမ်တော်မှာမရှိခိုက် နတ်ဆိုးတိုင်းပြည်ကိုလေ့လာရန် ယွင်ရှီးထွက်လာခဲ့စဉ်တွင် မျက်လုံးတို့ ရဲရဲနီနေသော ထိုနတ်ဆိုးပေါက်လေး ၃ကောင်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ နတ်ဆိုးပေါက်လေးတွေက ယွင်ရှီးအရှေ့တစ်လှမ်းတိုးလာလျှင် သူတို့က ၂လှမ်းလောက် နောက်ဆုတ်သွားကြသည်။ သူတို့နှင့် မတူညီသော ယွင်ရှီးကို ကြောက်လန့်နေကြပုံရသည်။

"ငါ မင်းတို့ကို ထိခိုက်အောင်မလုပ်ပါဖူး"

ယွင်ရှီးက ချိုမြသော လေသံအေးအေးလေးဖြင့် ထို နတ်ဆိုးပေါက်လေး ၃ ကောင်ကို ပြောကြားလိုက်သည်။

"ခင်ဗျားက လှလွန်းတယ် ... မေမေကပြောထားတယ် လှတဲ့အရာတွေက အန္တရာယ်ရှိတယ်တဲ့ ... ကျွန်တော်တို့လို ရုပ်ဆိုးတဲ့သူတွေကို သတ်ပစ်မှာတဲ့"

ထို ၃ကောင်ထဲမှ နည်းနည်းသွက်သွက်လက်လက်ရှိသော အကောင်ပေါက်လေးက ယွင်ရှီးကို ကြည့်ကာ လက်ညှိုးလေးထိုးပြီး ပြောလေသည်။

"ပြီးတော့ ခင်ဗျားက ကျွန်တော်တို့နဲ့မတူညီဖူးလို့ ခံစားရတယ် ... ခင်ဗျားက ကျွန်တော်တို့ကို သတ်ပစ်မှာလား?"

ယွင်ရှီက အပြုံးအေးအေးလေးပြုံးကာ ထိုနတ်ဆိုးပေါက်လေးတွေကို ပြောလိုက်လေသည်။

"ငါက လမ်းပျောက်နေတာပါ ... ဘယ်ကိုသွားရမှန်းမသိတော့လို့ ... နေစရာလဲမရှိလို့ပါ .. မင်းတို့ကို ဒုက္ခမပေးပါဖူး ... ကတိပေးတယ်"

ကျန်သောနတ်ဆိုးပေါက်လေး ၂ယောက်ထဲမှ တစ်ယောက်က ယွင်ရှီးနဲ့စကားပြောနေသည့် နတ်ဆိုးပေါက်လေးဘေးနားကပ်ကာ တိုးတိုးလေးပြောပြန်လေသည်။

"သူက ချောလွန်းတယ် ... ဒုက္ခပေးမယ့်ပုံတော့မပေါ်ပါဖူး"

ထို့နောက် ထိုနတ်ဆိုးလေးကပင် ယွင်ရှီးဘက်လှည့်ကာ မေးလေသည်။

"ခင်ဗျားတကယ်သွားစရာမရှိတာလား?"

ယွင်ရှီးခေါင်းညိမ့်ပြလိုက်သည်

"ဒါဆို ကျွန်တော်တို့နဲ့လိုက်ခဲ့မလား? ခင်ဗျားဘယ်သွားရမှန်းမသိသေးခင် ခဏနေလို့ရအောင် ဖွက်ထားပေးမယ်လေ"

The Devil's Love (Completed)Where stories live. Discover now