Chapter - 88

24.4K 2.9K 225
                                    

မနက်စာအတွက်အလုပ်ရှုတ်နေတဲ့ ချူးရှန့်ကို ရှန်ဝေ ထုံးဆန်အတိုင်း နှောက်ယှက်ဖို့ ဘေးနားမှနေစောင့်ကြည့်နေတယ် … ဘာကြောင့်မှန်းမသိ ဒီရွာလေးမှာနေရတာ စိတ်ပေါ့ပါးလန်းဆန်းသလို ပိုပျော်ရွှင်ရတယ်လို့ ရှန်ဝေ ခံစားမိတယ် … ပြီးတော့ ခုချိန်ထိမျက်မှန်ရှာမတွေ့သေးတဲ့ချူးရှန့်ကိုစရတာက မရိုးနိုင်တဲ့သူ့ရဲ့အလုပ်တစ်ခုပေါ့ …

" အကို … အဲ့ဒါဆားတွေလေ "

" ဟုတ်လား … ဒါကဟင်းချိုမှုန့်တွေမဟုတ်ဘူးလား "

" အရောင်တူနေတာ … ဟင်းချိုမုန့်ကအပေါ်မှာ "

ချူးရှန့်မီးဖိုချောင်မဝင်ခင်ကတည်းက ထားနေကြပစ္စည်းနေရာတွေကို ရှန်ဝေတမင်ရွှေ့ထားခြင်းပင် … ဘာကြောင့်ဆို ချူးရှန့်ဘာလုပ်လုပ် သူ့အားအကူအညီတောင်းခံစေလို၍ … ထင်တဲ့အတိုင်း ဒီမနက်စာပြင်ဆင်မှုကလဲ ရှန်ဝေအကူအညီမပါဘဲ ချူးရှန့်လုပ်နိုင်မည်မဟုတ်ခြေ …

" ရှန်ဝေ … ဒီနားကိုလာ "

" ဟုတ် "

အကြံအောင်သွားတော့ ပျော်ရွှင်နေတဲ့ ဟက်စကီးတစ်ကောင်ပမာ အမြီးလေးနှံ့ကာဖြင့် ချူးရှန့်အနားပြေးသွားလေတယ် … အနားကိုရောက်လာတော့ ရှန်ဝေအရပ်က ချူးရှန့်ထပ်ပင်ခေါင်းတစ်လုံးမကရှည်နေ၍ ထိုအနေအထားမျိုးကို ချူးရှန့်အသားမကျဖြစ်နေတယ် …

" ရှန်ဝေ … မင်းအနားကိုတိုးမလာနဲ့ "

" ဗျာ "

အနည်းငယ် နေရခက်သွားတဲ့ ချူးရှန့်ကိုမြင်တော့ ရှန်ဝေကြိတ်ခါရယ်လိုက်မိတယ် … ပြီးနောက် ရှန်ဝေ ၂ လှမ်းမျှခွာလိုက်ပြီး ငြိမ်သက်စွာရပ်လိုက်ကာ ချူးရှန့်အမိန့်ကိုစောင့်နေလေတယ် …

" ငါ့ကို အပေါ်ကဟင်းချိုမှုန့်ဘူးယူပေး "

ရှန်ဝေသူထားထားသည့်နေရာက ဘူးကိုယူပြီး ချူးရှန့်ထံကမ်းပေးလိုက်တော့ ချူးရှန့် ဟင်းပွဲထဲကို ပညာသားပါပါ ဟင်းချိုမှုန့်တွေကိုထည့်လိုက်တယ် … အမြင်တွေမှုန်ဝါးနေရင်တောင် ချူးရှန့်ရဲ့လက်ရာကတော့ ပေါ့သွားမည်မဟုတ် …

စားဖိုမှူးများပင်အရှုံးပေးရလောက်အောင်ကြွမ်းကျင်လှသည့်လက်ယာကြောင့် ရှန်ဝေဟင်းပွဲ​တွေကို မျက်တောင်မခပ်တမ်းကြည့်နေမိတယ် … ဒီလိုမနက်ခင်းလေးမှာ အကိုနဲ့အတူတူ မီးဖိုချောင်ဝင်ပြီး ဟင်းပွဲတွေပြင်ဆင်ရတဲ့အလုပ်က ဘယ်လောက်တောင်ကြည်နူးစရာကောင်းတဲ့ဖီလင်မျိုးလဲဟု ရှန်ဝေ ကို့ကိုယ်ကို ဂုဏ်ယူလို့မဆုံးနိုင်ပေ …

LION 🦁 ( Mafia Is My Alpha ){ Unicode }Unde poveștirile trăiesc. Descoperă acum