Ch-4

17.7K 1.6K 57
                                    

{ Unicode }
.......................

Xiao Zhan အိမ်ပြန်ရောက်တော့ညအတော်နက်နေလေပြီ။
Lan yuu ကလည်းသူ့နောက်ကနေလိုက်ရတဲ့လူယုံမို့ Xiao Zhanနဲ့အတူသာပြန်ရောက်သည်။

"အကိုလေးတို့ပြန်လာကြပြီလား..."

သူတို့ရောက်လာတာကိုမြင်တော့အိမ်ထိန်း​ကြီးကျောက်ကလာဆီးကြိုတယ်။

"Yibo လေးရော.."

အိမ်ထိန်းကြီးကိုမြင်တာနဲ့yiboကိုတန်းမေးတဲ့lan yuuကြောင့်Xiao Zhan စိတ်ထဲသိပ်သဘောမကျ။

"Yibo ကိုနောက်တစ်နာရီလောက်နေရင်
အခန်းထဲကိုခေါ်လာခဲ့"

အိမ်ထိန်းကြီးပြန်မဖြေရသေးခင်မှာပဲ
Xiao Zhan ကဦးစွာပြောတယ်။

အိမ်ထိန်းကြီးလည်းအဲ့တော့မှyiboကိုသတိရတယ်။အဲ့ကလေးလေးကိုသူတစ်နေကုန်မေ့နေခဲ့တာပဲ။

"ဟုတ်ကဲ့..အကိုလေး..."

Xiao Zhanကထုံးစံအတိုင်းသူ့အလုပ်ခန်းထဲအရင်ဝင်သွားသည်။

"အိမ်ထိန်းကြီး...yiboလေးကိုဂရုရောစိုက်ရဲ့လား...ဟိုကမေးနေတယ်နော်"

Lan yuuရဲ့စကားကြောင့်အိမ်ထိန်းကြီးကျောက်ခေါင်းမွှေးနည်းနည်းထောင်သွားသည်။

"..."

"ဒါဆိုလည်းခနနေရင်သူ့အခန်းထဲထည့်ပေးထားလိုက်"

Lan yuu လည်းအနားယူဖို့ထွက်သွားပြန်တယ်။
ဒုက္ခပါပဲ.... yiboလေးကိုမေ့နေလိုက်တာ။
တစ်နေကုန်လည်းမတွေ့မိဘူး....။

အိမ်ထိန်းကြီးလည်းတိုးတိုးတိတ်တိတ်
Yiboကိုအိမ်ကြီးထဲမှာပတ်ရှာလေတယ်။

............

Xiao Zhan အခန်းထဲဝင်ဝင်ချင်းပြောင်လက်နေတဲ့ကြမ်းပြင်ကြောင့်ဒေါသကထောင်းခနဲ။
ဘယ်သူမှမဝင်ရဘူးလို့အတန်တန်ပြောထားရက်နဲ့ဘယ်သူကများသန့်ရှင်းရေးဝင်လုပ်ထားရတာလဲ!

မျက်ထောင့်ကနေမြင်လိုက်ရတာက
အိပ်ပျော်နေတဲ့အရိပ်လေးတစ်ခု။

နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေလေသည်။

ဖြူဖြူလုံးလုံးလေးကဘယ်သူမှဝင်ခွင့်မရှိတဲ့နေရာကိုခိုးဝင်ရုံမကလို့အိပ်တောင်အိပ်နေလိုက်သေးသည်။

⚠ Call Me Baby ⚠Where stories live. Discover now