Ch-7

17K 1.6K 33
                                    

{ Unicode }
......................

Xiao Zhan ကညစာကိုတစ်ယောက်တည်းပဲစားလေ့ရှိတယ်။ လူရှုပ်တာကိုသူမကြိုက်ဘူး။
အဲ့ဒီ့တော့ထုံးစံအတိုင်း ထမင်းစားခန်းထဲမှာ
Xiao Zhan တစ်ယောက်တည်းညစာစားနေပါလေရော။

"ဦးဦးရိလုံ သားဗိုက်ဆာတယ်"

ဘယ်အချိန်တည်းကထမင်းစားခန်းထဲ ဝင်လာမှန်းမသိတဲ့ Yibo လေးက ကျောက်ရိလုံရှိတယ်အထင်နဲ့ ထမင်းစားဝိုင်းမှာဝင်ထိုင်လေသည်။

ကြည့်ရတာXiao Zhan ကိုလည်းမြင်ပုံ မရဘူး။

Xiao Zhan ရဲ့မျက်ခုံးတစ်ဖက်ကကော့တက်သွားပြီး Yiboလေးကိုကြည့်နေတယ်။

"အော်...ဦးဦး...ဟီး..."

Xiao Zhan ကိုမြင်သွားတာတောင်မကြောက်ပါပဲ ရယ်ပြနေတဲ့ကလေးကို Xiao Zhan နှင်ထုတ်ရခက်နေတယ်။

"အာ....yiboလေး...ဒီကိုလာ....
အကိုလေး..တောင်းပန်ပါတယ် "

ကျောက်ရိလုံ ဝင်လာမှပဲ yiboလက်ကိုဆွဲကာ အပြင်ကိုခေါ်ထုတ်သွားလေတယ်။

"ဟင့်...ဘာလို့လဲ..သားသားဗိုက်ဆာနေပြီ"

အသံကျယ်တဲ့ ဒီကလေးရဲ့အော်သံကိုလည်း
Xiao Zhan သေသေချာချာကိုကြားလိုက်ပါတယ်။

Steak ကိုလှီးဖြတ်နေတဲ့ ဓားတို့က သက်ပြင်းချသံတစ်ခုနဲ့အတူရပ်တန့်သွားသည်။

"အိမ်ထိန်းကြီး! "

"ဟုတ်ကဲ့..အကိုလေး.."

Xiao Zhan ရဲ့ခေါ်သံကိုကြားတော့ အိမ်ထိန်းကြီးလည်းအပြေးလေးပြန်ဝင်လာတယ်။

"ကျွန်​တော်,တော်ပြီ...ဟိုကလေးကိုအစာကျွေးလိုက်ဦး"

"ဟုတ်...အကိုလေး"

Xiao Zhan ကတစ်ရှူးနဲ့နှုတ်ခမ်းပါးတို့ကိုသုတ်ကာထွက်သွားလေပြီ။
ထမင်းစားခန်းအပြင်ဘက်မှာရပ်နေတဲ့
Yiboနဲ့ဆုံတော့ Yiboလေးက သွားဖြဲပြလိုက်ပါသေးတယ်။

Xiao Zhan လည်းခေါင်းတရမ်းရမ်းနဲ့သာ
သူ့အလုပ်ခန်းဆီသို့။
စိတ်ထဲမှာလည်းမကျေမနပ်ပြောနေတယ်။
အဲ့ကလေးစုတ်က ငါ့ကိုမကြောက်တော့ဘူး!

Xiao Zhan က ကလေးကိုထမင်းကျွေးခိုင်းတာလား ။ ခွေးလေးတွေကိုအစာကျွေးခိုင်းတာလား မသဲကွဲအောင်ပြောသွားလေသည်။

⚠ Call Me Baby ⚠Where stories live. Discover now