Ch-17

19.9K 1.5K 81
                                    

ရုတ်ချည်းဖြစ်ပေါ်လာတဲ့အခြေအနေမှာ Xiao Zhan ငြိမ်သက်သွားတယ်။

သူနဲ့အနီးကပ်ဆုံးမြင်နေရတာက
မှိတ်ထားတဲ့ မျက်တောင်စင်းစင်းတွေ။

နှုတ်ခမ်းကိုညင်သာစွာ ဆွဲစုပ်နေတဲ့အထိအတွေ့။

Xiao Zhan ရဲ့ခံတွင်းထဲကိုကျူးကျော်လာတဲ့သွေးစတွေ။

ခါးကိုတင်းတင်းကျပ်ကျပ်ဖက်ထားတဲ့လက်တစ်ဖက်။

Yibo , Xiao Zhan ကိုဆွဲနမ်းလိုက်ခြင်း။

Xiao Zhan ရဲ့လက်တစ်ဖက်ကိုချုပ်ကိုင်ထားကာ နှုတ်ခမ်းတွေကို မက်မောစွာနမ်းရှိုက်နေလေသည်။

လူတွေရဲ့ရှေ့မှာ, အဲ့တာကလည်းသူပိုင်တဲ့club ကြီးမှာ ၊ သူ့ကိုသိကြတဲ့လူတွေချည်းပဲ။

နီရဲတက်လာတဲ့မျက်နာနဲ့အတူ သူ့ကိုနမ်းရှုံ့နေတဲ့ Yibo ကိုတွန်းထုတ်ပါတော့တယ်။

Yibo ကလွှတ်မပေးတာမို့ သူ့ရဲ့လက်တစ်ဖက်ကိုဆွဲကုတ်ပစ်လိုက်တယ်။

"ခွေးကောင်! "

ကုတ်လိုက်တဲ့နေရာက ပထမဓားထိထားတဲ့နေရာ ။ စီးကျလာတဲ့သွေးတွေကို လျစ်လျုရှုပြီး Xiao Zhan ကိုခနဲ့သလိုကြည့်ကာရယ်တယ်။

"ခွေးကောင်...ဟုတ်လား...ဟဟ"

"ရယ်ရတယ်နော် Xiao Zhan!
ကျွန်တော်ကခွေးကောင်ဆိုရင် ကျွန်တော်လုပ်တာကိုခံနေတဲ့ ခင်ဗျားကလည်း ခွေးပဲလေ"

Yibo ရဲ့ပါးစပ်က သည်းမခံနိုင်စရာစကားတွေထွက်လာလေသည်။

"ဟက်..အဲ့ပျော်တော်ဆက်ကောင်ရဲ့အပေါ်ကိုတက်လိုက်ရုံနဲ့ ခင်ဗျားကျွန်တော်လုပ်တာကိုငြိမ်ခံနေရတယ်ဆိုတဲ့ အမှန်တရားကပြောင်းလဲမသွားဖူးနော်"

ကြားလို့မကောင်းတဲ့စကားတွေကိုပြော​နေတဲ့
Yibo ရဲ့နီမြန်းနေတဲ့မျက်ဝန်းတွေက ရင်နာနေပုံရတယ်။

"Wow!!!..တကယ်ကြီး..."

ဘေးကထွက်လာတဲ့အသံတွေကြောင့်
Xiao Zhan အငွေ့သာပျံချင်လာသည်။

"မင်းးး...."

ဘေးလူတွေရဲ့အကြည့်တွေနဲ့ ပြုံးစစမျက်နာဘေးတွေကြောင့် Xiao Zhan ဒေါသတွေကအမြင့်ဆုံးအမှတ်ကိုရောက်ရှိသွားသည်။

⚠ Call Me Baby ⚠Where stories live. Discover now